ရာသီခွင်

ကောင်းကင်ကိုနက္ခတ် ၁၂ ခုဖြင့်ပိုင်းခြားခြင်း

တစ်နှစ်တွင် နေသည် အမြင်အားဖြင့် ကောင်းကင်၌ ရှိသော နက္ခတ်ခေါ် ကြယ်စု ၁၂ ခုကို ဖြတ်ကျော်သွား၍ ထိုနက္ခတ်များ တည်နေရာ နယ်နိမိတ်များကို ရာသီခွင်များအဖြစ်ဖြင့် ရှေးနက္ခတ်ဆရာများ လက်ထက်ကစ၍ သတ်မှတ်ထားခဲ့ကြသည်။ ရာသီခွင် တစ်ခွင်တွင် နက္ခတ်တလုံး(ကြယ်တစ်စု)ရှိ၍ အဆိုပါ ရာသီခွင်တစ်ခုစီကို ရုပ်ပုံတစ်ခုစီဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ထို ၁၂ ရာသီခွင်ကို နေသာမက၊ ကျန် အခြားဂြိုဟ်များလည်း ဖြတ်သန်းသွားလာကြသည်။ လက်တင်အမည်များဖြင့် ခွဲခြားထားသော ၁၂ ရာသီခွင်မှာ အောက်ပါအတိုင်းဖြစ်၍ ရာသီခွင်အတွင်းရှိ နက္ခတ်တို့၏ ရုပ်ပုံများကိုလည်း ယှဉ်တွဲဖော်ပြထားသည်။ အဆိုပါ လက်တင် အမည်များသည် ရှေးဂရိလူမျိုးတို့၏ အခေါ်အဝေါ်များမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။

သင်္ကေတလောင်ဂျီတွဒ်မြန်မာအမည်လက်တင်အမည်အင်္ဂလိပ်အမည်ဂရိအမည်ဟိန္ဒူအမည်ဘေဘီလုံအခေါ်အဝေါ်[၁]
♈︎ ♈️မိဿAriesThe RamΚριός (Krios)Meṣha (मेष)MUL LU.ḪUŊ.GA "The Agrarian Worker", Dumuzi
♉︎ ♉️30°ပြိဿTaurusThe BullΤαῦρος (Tavros)Vṛiṣhabha (वृषभ)MULGU4.AN.NA "The Steer of Heaven"
♊︎ ♊️60°မေထုန်GeminiThe TwinsΔίδυμοι (Didymoi)Mithuna (मिथुन)MULMAŠ.TAB.BA.GAL.GAL "The Great Twins" (Castor and Pollux)
♋︎ ♋️90°ကရကဋ်CancerThe CrabΚαρκίνος (Karkinos)Karkaṭa (कर्कट)MULAL.LUL "The Crayfish"
♌︎ ♌️120°သိဟ်LeoThe LionΛέων (Leōn)Siṃha (सिंह)MULUR.GU.LA "The Lion"
♍︎ ♍️150°ကန်VirgoThe MaidenΠαρθένος (Parthenos)Kanyā (कन्या)MULAB.SIN "The Furrow"; "The Furrow, the goddess Shala's ear of corn"
♎︎ ♎️180°တူLibraThe ScalesΖυγός (Zygos)Tulā (तुला)MULZIB.BA.AN.NA "The Scales"
♏︎ ♏️210°ဗြိစ္ဆာScorpioThe ScorpionΣκoρπιός (Skorpios)Vṛśhchika (वृश्चिक)MULGIR.TAB "The Scorpion"
♐︎ ♐️240°ဓနုSagittariusThe (Centaur) ArcherΤοξότης (Toxotēs)Dhanuṣha (धनुष)MULPA.BIL.SAG, Nedu "soldier"
၁၀♑︎ ♑️270°မကာရCapricorn"Goat-horned" (The Sea-Goat)Αἰγόκερως (Aigokerōs)Makara (मकर)MULSUḪUR.MAŠ "The Goat-Fish" of Enki
၁၁♒︎ ♒️300°ကုံAquariusThe Water-BearerὙδροχόος (Hydrokhoos)Kumbha (कुम्भ)MULGU.LA "The Great One", later "pitcher"
၁၂♓︎ ♓️330°မိန်PiscesThe Fish[၂]Ἰχθύες (Ikhthyes)Mīna (मीन)MULSIM.MAḪ "The Tail of the Swallow", later DU.NU.NU "fish-cord"

ဟိန္ဒူနှင့် မြန်မာဗေဒင်ကျမ်းများအရ အေးရီးအစ ပိုက်ဆီး အဆုံးရှိသော ၁၂ ရာသီကို မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်ဟူ၍ အစဉ် အတိုင်း ခေါ်သည်။ ပုံများမှာ နှစ်မျိုးစလုံးပင် ထပ်တူဖြစ်သင့်သော်လည်း အနည်းငယ် ကွဲလွဲချက်များမှာ ဟိန္ဒူနှင့် မြန်မာ ဗေဒင်ကျမ်းများ၌ မိဿကို ဆိတ်ထီးပုံဖြင့်၎င်း၊ မေထုန်ကို ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဘက်၍ ရပ်နေသောပုံဖြင့်၎င်း၊ မကာရကို သမင်ခေါင်းရှိသော မကန်းမည်သော ရေသတ္တဝါ ပုံဖြင့်၎င်း ပေးထားသည်ကို တွေ့ရလေသည်။ မြန်မာစာပေရှိ ၁၂ ရာသီဆိုင်ရာ နက္ခတ်၊ တာရာ၊ ရာသီ၊ လ စသည်တို့၏ သဘောကို ဖော်ပြပါ ရာသီစက်အားဖြင့် သိမြင်နိုင်လေသည်။ ရာသီစက်တွင် နက္ခတ် ၂၇ လုံး ရှိသည့်အနက် နက္ခတ် စဉ်ကို အဿဝဏီမှ စ၍ ရေဝတီအဆုံးအထိ ရေတွက်ကြသည်။ နက္ခတ် ၂၇ လုံးသည် တာရာကိုးလုံးနှင့် တစ်ဖန် တိုက်ဆိုင် နေပြန်၍ ရာသီစက်ပုံကိုကြည့်လျှင် တာရာတလုံးသည် နက္ခတ် သုံးလုံးနှင့် တူညီနေသည်ကို တွေ့ရပေမည်။ တာရာကြီးကိုးလုံးကို ကျီးတာရာ၊ ဟင်္သာတာရာ စသည်ဖြင့် အသိအမှတ်ပြုထား သည်။ တစ်ရာသီမှ တစ်နှစ်၏ ၁၂ ပုံ တစ်ပုံ ဖြစ်၏။ နက္ခတ် တစ်လုံးကို လေးစိတ်စိတ်၍ တစ်စိတ်ကို တစ်ပါဒ်ဟုခေါ်သည်။ နက္ခတ်နှစ်လုံးနှင့် တစ်ပါဒ်သည် တစ်ရာသီဖြစ်သည်။ တနည်းအားဖြင့် ကိုးပါဒ်သည် တစ်ရာသီဖြစ်သည်။ ရာသီစက်တွင် နှစ်ဦး ဖြစ်သော မိဿရာသီ တန်ခူးလကို စိတြလေးပါဒ်၊ သွာတိလေးပါဒ်၊ ဝိသာခါပထမတစ်ပါဒ် ပေါင်း ကိုးပါဒ်နှင့် ညိ|၍ ခွဲထားသည်။ ကျန် ရာသီများကိုလည်း ဤနည်းအတိုင်း ပင် ခွဲထားသည်။ ရာသီစက်တွင် တန်ခူး၊ ကဆုန် စသော စန္ဒရမာသ မြန်မာလများနှင့် မိဿ၊ ပြိဿ စသော သူရိယ မာသရာသီများကို သိမြင်ရလွယ်အောင် တစ်မျိုးတည်း သဘော နှင့်ပင် ဖော်ပြထားသ်ည။ အမှန်အားဖြင့်ကား သူရိယ မာသနှင့် စန္ဒရမာသတို့မှာ တစ်မျိုးတည်း မဟုတ်ကြပေ။

[၃]

#
ဆယ့်နှစ်ရာသီခွင်၏သင်္ကေတများ

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. MUL.APIN; Peter Whitfield, History of Astrology (2001); W. Muss-Arnolt, The Names of the Assyro-Babylonian Months and Their Regents, Journal of Biblical Literature (1892).
  2. American Heritage Dictionary of the English Language 3rd ed., s.v. "Pisces."
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံအောင်ဆန်းမေတ္တသုတ်အော်ကာပဋ္ဌာန်းပရိတ်ကြီး ၁၁ သုတ်တပ်မတော် (ကြည်း)ထိုင်းနိုင်ငံမဟာသမယသုတ်မင်းအောင်လှိုင်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဘုရားဂုဏ်တော်ဂျပန်နိုင်ငံအောင်ဆန်းစုကြည်ဒုတိယ ကမ္ဘာစစ်အမေရိကန်ပြည်ထောင်စုမိန်းမ မျိုးပွားအင်္ဂါသင်္ကြန်တပ်မတော်တပ်ရင်း (၇)မြန်မာနိုင်ငံရှိ မြို့များဂူဂယ်မြဝတီမြို့စင်ကာပူနိုင်ငံအရှေ့တောင်အာရှနိုင်ငံများအသင်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများပုဂံအင်ဒိုနီးရှားနိုင်ငံကဏ္ဍ:မြန်မာစကားပုံများရွှေတိဂုံစေတီတော်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဘာဂျာမှုတ်ခြင်းရန်ကုန်မြို့မထိုးသွင်းသော လိင်ဆက်ဆံခြင်းရခိုင်ပြည်နယ်ဂုဏ်တော်ကွန်ချာတစ်ကိုယ်ရည်အာသာဖြေခြင်း