ဂျော့ရွား ရေးနော

ဆာဂျော့ရွှားရေးနော (အင်္ဂလိပ်: Sir Joshua Reynolds) သည် အင်္ဂလိပ်လူမျိုး နာမည်ကျော် ပန်းချီဆရာဖြစ်သည်။ အထူးသဖြင့် ပုံတူကားရေးဆွဲခြင်း၌ လက်ရာမြောက်သူ ဖြစ်ပေသည်။ ရေးနောသည် ၁၇၆၈ ခုနှစ် တွင် တော်ဝင်ပညာတံခွန်အသင်းကို စတင်တည်ထောင်ခဲ့၍ ထိုအသင်းတွင် ပထမဦးဆုံး ဥက္ဃဋ္ဌအဖြစ် ဆာဘွဲ့ချီးမြှင့် သူကောင်းပြုခြင်းခံရသည်။ ပညာတံခွန်အသင်း၌ တပည့်များ အတွက် ဟောပြောခဲ့သော ဆာဂျော့ရွှားရေးနော၏ ဟောပြော ချက်များသည်လည်း ထင်ရှားသည်။ ထို့ပြင် ဆယ်မျူယယ် ဂျွန်ဆင်၊ ဂျိမ်း ဗော့ဇဝဲ၊ အက်ဒမန်ဗတ်၊ တောမတ် ရှယ်ရီဒန်၊ အော်လစ်ဗာ ဂိုးစမစ်၊ ဒေးဗစ်ဂဲရစ် စသော နာမည်ကျော် ပုဂ္ဂိုလ်များ ပါဝင်သည့် စာပေအသင်း၌လည်း အသင်းဝင်တစ်ဦး ဖြစ်သည်။

Sir Joshua Reynolds
ကိုယ်တိုင်ရေးပုံတူ
မွေးဖွားJoshua Reynolds
(1723-07-16)၁၆ ဇူလိုင်၊ ၁၇၂၃
Plympton, Devon
ကွယ်လွန်၂၃ ဖေဖော်ဝါရီ၊ ၁၇၉၂(1792-02-23) (အသက် ၆၈)
လန်ဒန်မြို့
နိုင်ငံလူမျိုးအင်္ဂလိပ်
ကျော်ကြားမှုအရင်းခံပန်းချီရေးဆွဲခြင်း


ရေးနောသည် ၁၇၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဒက်ဗွန်ရှိင်ယာနယ် ပလင်မတွန် မြို့၌ ဖွားမြင် သည်။ သူ၏ဖခင်သည် ကျောင်းဆရာတစ်ဦးဖြစ်၍ ရေးနော အား ဆေးပညာကို သင်ကြားစေလို၏။ သို့ရာတွင် ရေးနော သည် ပန်းချီပညာဘက်၌သာ စိတ်ဝင်စားသဖြင့် အသက် ၁၇နှစ်အရွယ်မှစ၍ လန်ဒန်မြို့တွင် ပန်းချီဆရာ တောမတ်ဟဒ်ဆန် ဆိုသူထံ၌ ပုံတူရေးဆွဲသည့် အတတ်ကို လေ့လာသင်ကြားခဲ့ သည်။ ၁၇၄၉ ခုနှစ်တွင် မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် အီတလီနိုင်ငံသို့ သွား၍ ပန်းချီပညာကို သုံးနှစ်မျှ လေ့လာခွင့် ရခဲ့သည်။ ၁၇၂၅ ခုနှစ်တွင် လန်ဒန်မြို့သို့ ပြန်ရောက်ပြီး နောက် ပန်းချီဆရာ ရေးနောသည် နာမည်ကျော်ကြားလာလေ သည်။ အထူးသဖြင့် သူ၏အပေါင်းအသင်းထဲမှ မိတ်ဆွေများ၏ ပုံတူကားများသည် သူ၏ အကောင်းဆုံးလက်ရာများ ဖြစ်သည် ဟု ဆိုရပေမည်။

ရေးနောသည် ပုံတူကားပေါင်း ၂ဝဝဝ ကျော် ၃ဝဝဝ ခန့် ရေးဆွဲခဲ့ရာ၌ ရုပ်ပုံရှင်တို့၏ စိတ်နေစိတ် ထားများကို သရုပ်ဖော်နိုင်ရုံမျှမက ပုံများသည် အသက်ဝင်လျက် ရှိပေ သည်။ သို့ရာတွင် ရေးနောသည် ပုံရေးဆွဲနည်း၊ ဆေးခြယ်နည်း အမျိုးမျိုးအဖုံဖုံကို အမြဲစမ်းသပ် ရေးခြယ်လေ့ရှိခြင်းကြောင့် သူရေးဆွဲခဲ့သော ပန်းချီကားများသည် ဆေးရောင်မှိန်၍ ကွဲအက်ယိုယွင်းခြင်း ရှိတတ်၏။

ပန်းချီပညာကျော် ရေးနော၏ လက်ရာပန်းချီကားများကို လန်ဒန်မြို့ရှိ နေရှင်နယ်ပန်းချီပြတိုက်၊ နေရှင်နယ် ပုံတူပန်းချီ ပြတိုက်၊ တော်ဝင်ပညာတံခွန်အသင်း အစရှိသော ဌာနတို့တွင် တွေ့နိုင်လေသည်။

ဆာ ဂျော့ရွှားရေးနောသည် ၁၇၉၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန် လေသည်။

[၁]

ကိုးကား

ပြင်ဆင်ရန်
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအောင်ဆန်းမြင့်ကြွယ် (မြို့မ)ပုဂံကျန်စစ်သားဖခင်များနေ့ဂျပန်နိုင်ငံအောင်ဆန်းစုကြည်အာဇာနည်နေ့မင်းအောင်လှိုင်မူးယစ်ဆေးဝါးသိပ္ပံပညာမြန်မာပြည်ဘုရင့်နောင်မြန်မာနိုင်ငံအလောင်းမင်းတရားမဟာသမယသုတ်မြန်မာအမျိုးသမီးများနေ့မေတ္တသုတ်သောမတ် အက်ဒီဆင်ပဋ္ဌာန်းတစ်ကိုယ်ရည်အာသာဖြေခြင်းအနော်ရထာဧရာဝတီဘဏ်ကားလိုး ကော်လိုဒီတပ်မတော် (ကြည်း)ကြယ်လိပ်ဗီယက်နမ်နိုင်ငံဘသန်း (ခွဲစိတ်ဆရာဝန်)ထိုင်းနိုင်ငံကဏ္ဍ:မြန်မာစကားပုံများဂေါတမဗုဒ္ဓမြန်မာဘာသာစကားဒုတိယ ကမ္ဘာစစ်ပုဂံခေတ်ကမ္ဘောဒီးယားနိုင်ငံရှင်စောပုကျိုက်ထီးရိုးဘုရား