ကမ္ဘာ့ဆရာများနေ့

ဝီကီပီဒီးယားစာရင်းဆောင်းပါး

ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးမှ ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းကျင်းပလာခဲ့သည်။ ထိုနေ့တွင် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၀၀၌ "ကမ္ဘာ့ဆရာများနေ့" ကို ကျင်းပလေ့ရှိသည်။

ကမ္ဘာ့ဆရာများနေ့

"ပူဇာစ ပူဇ နေယျာနံ" ပူဇော်ထိုက်သောသူကို ပူဇော်ရခြင်းသည် မြတ်သောမင်္ဂလာပင်ဖြစ်ကြောင်း (၃၈) ဖြာ မင်္ဂလာတရားတော်၌ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပေသည်။ ထိုပူဇော်ထိုက်သော အနန္တောအနန္တဂိုဏ်းဝင်များတွင် ဘုရားတရားသံဃာမိဘနှင့်အတူ အာစရိယဆရာတွင် ဆရာသည်လည်း တစ်ဆူအပါအဝင် ဖြစ်သည်။

ဆရာ ဆရာမများသည် ပညာကို သင်ကြားတတ်မြောက်စေရန်မကဘဲ ဘဝအတွက် "လမ်းပြကြယ်" များလည်း ဖြစ်နေသည်။ တစ်နည်းအားဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနေကြသူများ ဖြစ်သည်။

ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို မမေ့အပ်ပေ။ ဆရာဆရာမများအား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးသိခြင်း၊ ကျေးဇူးကိုအောက်မေ့သတိရခြင်းတို့ဖြင့် ဆရာနှင့်တပည့် အပြန်အလှန်ကျေးဇူးသိတတ်ခြင်း၊ တန်ဖိုးထားလေးစားခြင်းတို့ဖြင့် လောကကောင်းကျိုးတရားများ ရှင်သန်တိုးပွားစေမည်ဖြစ်ပါကြောင်း။[၁]

Logo Design ဖြစ်ပေါ်လာပုံ ပြင်ဆင်ရန်

အ.ထ.က(၂)လသာ မှ ကျောင်းသူ ၂ ဦး မချိုဇော်အောင်နှင့် မဇင်ဇော်အောင် တို့ ရေးဆွဲခဲ့သည့် ကမ္ဘာ့ဆရာ

နေ့ အထိမ်းအမှတ် Logo Design ကို ပညာရေးဝန်ကြီးမှ ရွေးချယ်ခဲ့သည်။[၁][၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ မြန်မာ့အလင်း အယ်ဒီတာ့အာဘော် အောက်တိုဘာ၊ ၄ ၂၀၁၄ သတင်းစာမှ

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

ကမ္ဘာ့ဆရာများနေ့ website Archived 9 December 2011 at the Wayback Machine.
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအောင်ဆန်းစုကြည်အောင်ဆန်းပုဂံဂျပန်နိုင်ငံအာဇာနည်နေ့မြန်မာအမျိုးသမီးများနေ့အမေရိကန်ပြည်ထောင်စုနယူတန်ဘက္ကရီအီးဒ်အဲလ်ဘတ် အိုင်းစတိုင်းပီမိုးနင်းအလောင်းမင်းတရားမြန်မာပြည်မြန်မာနိုင်ငံထိုင်းနိုင်ငံလောကနီတိအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျန်စစ်သားကြယ်လိပ်မေတ္တသုတ်ကားလိုး ကော်လိုဒီဘုရင့်နောင်ကုလသမဂ္ဂသိပ္ပံပညာချားလ်စ် ဒါဝင်စင်ကာပူနိုင်ငံကွီလူမျိုးရွှေတိဂုံစေတီတော်မဟာသမယသုတ်မူးယစ်ဆေးဝါးဒုတိယ ကမ္ဘာစစ်မာရီ ကျူးရီးပန်ထွာဘုရင်မသောမတ် အက်ဒီဆင်မင်းအောင်လှိုင်စကြဝဠာကျိုက်ထီးရိုးဘုရား