လေးမြို့လူမျိုး

လေးမြို့လူမျိုးသည် လေးမြို့တိုက်နယ်အတွင်းရှိ ချင်းမျိုးနွယ်စုများကို လေးမြို့ချင်းဟု ခြုံ၍ ခေါ်ကြသည်။ အထက်လေးမြို့ တိုက်နယ်တွင် ယတ်၊ ခူနှင့် ဟန်တို့ပါဝင်သော မယာချင်းတို့ရှိသည်။ အောက်လေးမြို့တိုက်နယ်တွင် မင်းအုံးနှင့် လိုင်ချင်းတို့ ပါဝင်သော လေးတူချင်းတို့ နေထိုင်ကြသည်။ ယင်းတို့ အချင်းချင်းကိုမူ တရိုဟု ခေါ်ကြသည်။ တရိုမှာ ချင်းဟု အဓိပ္ပာယ်ရလေသည်။

ယခင်က လေးမြို့ချင်းတို့သည် အချင်းချင်း တိုက်ခိုက်နေခဲ့ကြသဖြင့် လူဦးရေ နည်းလာသည်ဟုဆိုသည်။ ရခိုင်ကုန်သည်များနှင့် ကူးလူးဆက်ဆံမှုများသဖြင့် ရခိုင်စကားကို ကောင်းစွာပြောဆိုတတ်ကြသည်။ အထက်လေးမြို့တိုက်နယ်ရှိ မယာချင်းတို့သည် ဆံပင်ကို ရှေ့နဖူးတည့်တည့်တွင် ထုံးထားလေ့ရှိသည်။ ထို ဆံထုံးတွင် ကြက်တောင် (သို့) လှပသော တိရစ္ဆာန်များမှ အမွှေးအတောင်တို့ကို နှစ်ချောင်းမှ လေးချောင်းအထိ ထိုးထားလေ့ရှိကြသည်။

ရိုးရာဝတ်စားပုံမှာ မြိုအမျိုးသားများကဲ့သို့ပင် အနံ လက်ငါးလုံးမျှ ရှိသော ဖျင်စတစ်စကို ခါးတွင်သိုင်းကာ လုံခြုံအောင် ဆင်ယင်ထားခြင်းသာ ဖြစ်သည်။ အထက်လေးမြို့ ချင်းအမျိုးသမီးများသည် မျက်နှာတွင် လှပအောင် ပါးရဲ ထိုးထားခြင်းမှာလည်း အဆင်တန်ဆာ တစ်ခုပင် ဖြစ်သည်။ တချို့ ပန်းကွက်များပင် ဖော်ထားသည်။ အမျိုးသားများကလည်း ပါးရဲထိုးမှ လှပသည်ဟု ယူဆကြသည်။ အောက်လေးမြို့တိုက်နယ်ရှိ လေးမြို့ချင်းအမျိုးသားများသည် သျှောင်ထုံးထားလေ့ရှိကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ စာ-၁၀၈၊ ၁၀၉
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းမင်းအောင်လှိုင်ပုဂံမြန်မာနိုင်ငံနှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ဒုတိယ ကမ္ဘာစစ်မေတ္တသုတ်မြန်မာပြည်မဟာရဋ္ဌသာရ၊ သျှင်ဂျပန်နိုင်ငံထိုင်းနိုင်ငံအောင်ဆန်းစုကြည်တရုတ်ပြည်သူ့သမ္မတနိုင်ငံဂုဏ်ဆယ်ပါးမြန်မာနိုင်ငံရှိ မြို့များပဋ္ဌာန်းလောကသာရ ဆုံးမစာပျို့အထူး:လတ်တလောအပြောင်းအလဲများပုဂံခေတ်အရှေ့တောင်အာရှနိုင်ငံများအသင်းအလောင်းမင်းတရားအလင်္ကာတပ်မတော်သင်္ဂဇာဆရာတော်ကုန်းဘောင်ခေတ်ဇော်ဂျီ (စာရေးဆရာ)ကုန်းဘောင်မင်းဆက်ကဏ္ဍ:မြန်မာစကားပုံများတပ်မတော် (ကြည်း)ဂုဏ်တော်ကွန်ချာမဟာသမယသုတ်ကားလိုး ကော်လိုဒီမြန်မာတိုင်းရင်းသားမျိုးနွယ်များသောမတ် အက်ဒီဆင်ပရိတ်ကြီး ၁၁ သုတ်မြန်မာ့သမိုင်းသိပ္ပံပညာ