လောရန့်စ်ဝေါင်

စင်ကာပူနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်

လောရန့်စ်ဝေါင် (Lawrence WONG | 黄循财) သည် စင်ကာပူနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် စင်ကာပူနိုင်ငံထူထောင်သူ ခေါင်းဆောင်ကြီး လီကွမ်းယု ပြီးနောက် စင်္ကာပူနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။[၁] ယင်းမတိုင်မီက စင်ကာပူဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သည်။[၂]

လောရန့်စ်ဝေါင်
Lawrence Wong
Wong in 2023
စင်ကာပူနိုင်ငံ ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ မေ ၂၀၂၄
သမ္မတTharman Shanmugaratnam
ယခင်လူလီရှန်လုံး
ကိုယ်ရေး အချက်အလက်များ
မွေးဖွားLawrence Wong Shyun Tsai
(1972-12-18) ၁၈ ဒီဇင်ဘာ၊ ၁၉၇၂ (အသက် ၅၁)
စင်ကာပူနိုင်ငံ
နိုင်ငံရေးပါတီPeople's Action Party
ကြင်ဖော်(များ)Loo Tze Lui
ပညာရေး
  • University of Wisconsin, Madison Bachelor of Science
  • University of Michigan, Master of Arts
  • Harvard University, Master of Public Administration
အလုပ်အကိုင်နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးသမား
ကျွမ်းကျင်မှုဘောဂဗေဒပညာရှင်
လက်မှတ်

ငယ်စဉ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

မလေးရှားနိုင်ငံ မှ စင်ကာပူ ခွဲထွက်လာပြီး ၇နှစ်အကြာ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့ တွင် လောရန့်စ်ဝေါင် ကို စင်ကာပူနိုင်ငံ အရှေ့ပိုင်း၌ မွေးဖွားသည်။ဖခင်ဖြစ်သူမှာ အရောင်းဝန်ထမ်းအလုပ်ကို လုပ်ကိုင်ပြီး၊မိခင်ဖြစ်သူမှာ ကျောင်းဆရာမတစ်ဦး ဖြစ်သည်။သူ၏ ငယ်စဉ်ဘဝ ကို စင်ကာပူနိုင်ငံ၏ ပြည်သူ့အိမ်ရာ တိုက်ခန်းတစ်ခုတွင် နေထိုင်ရင်း ရိုးရှင်းစွာ ဖြတ်သန်းခဲ့သည်။ သူသည် ဖခင်ဖြစ်သူ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည့် ဂီတာ အား မြတ်နိုးခုံမင်သည်။ လောရန့်စ်ဝေါင် သည် အမေရိကန်နိုင်ငံ University of Wisconsin-Madison မှ ၁၉၉၄ ခုနှစ်တွင် ဘောဂဗေဒအဓိကဖြင့် သိပ္ပံဘွဲ့၊ ၁၉၉၅ ခုနှစ်တွင် မစ်ရှီဂန်တက္ကသိုလ်မှ အသုံးချစီးပွားရေးဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့နှင့် ၂၀၀၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့တို့အား ရရှိခဲ့သည်။[၃]

အစိုးရဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူ၏ အသက် ၂၅နှစ်အရွယ် ၁၉၉၇ ခုနှစ် ဩဂုတ်လတွင် စင်ကာပူနိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန တွင် ဘောဂဗေဒပညာရှင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြင့် ဝန်ထမ်းဘဝ ကို စတင်ခဲ့သည်။[၄]ထိုစဉ်အချိန်ကာလသည် အာရှဘဏ္ဍာရေးအကျပ်အတည်း၏အစဖြစ်ပြီး ၎င်း၏ပထမဆုံးတာဝန်မှာ ဒေသတွင်းစီးပွားရေးနှင့် စင်ကာပူအပေါ် သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာအား ပြင်ဆင်ခြင်းတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။သူသည် ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ဘဏ္ဍာရေးဝန်ကြီးဌာန တွင် အရာရှိအဆင့် တာဝန်ပေးခံရသည်။ ထို့နောက် ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် ကျန်းမာရေးဝန်ကြီးဌာန တွင် ကျန်းမာရေးစောင့်ရှောက်မှု ဘဏ္ဍာရေးဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ပေးခံရသည်။ ၂၀၀၅ ခုနှစ် မေလမှ ၂၀၀၈ ခုနှစ် ဩဂုတ်လအထိ ဝန်ကြီးချုပ် လီရှန်လုံး ၏ ရုံးခန်းတွင် ကိုယ်ရေးအရာရှိအတွင်းရေးမှူး အဖြစ်လည်းကောင်း၊၂၀၀၈ ခုနှစ် စက်တင်ဘာ တွင် စင်ကာပူစွမ်းအင်ဌာန၏ လက်ထောက်အမှုဆောင်အရာရှိချုပ်တာဝန်၊ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ယင်းဌာန၏ အမှုဆောင်အရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်အသီးသီးပေးခံရပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ယင်းရာထူးမှ နုတ်ထွက်ခဲ့သည်။

နိုင်ငံရေးသမားဘဝ ပြင်ဆင်ရန်

လူလတ်တန်းစားမိသားစုမှ ဆင်းသက်လာသူ လောရန့်စ်ဝေါင် သည် ဝန်ကြီးချုပ်လီရှန်လုံး ၏ရုံးခန်းတွင် အဆင့်မြင့်ကိုယ်ရေးအရာရှိအတွင်းရေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၃နှစ်အကြာ ၂၀၁၁ခုနှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပါလီမန်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ဝန်ကြီးဌာနများတွင် တာဝန်များ အဆင့်ဆင့်ပေးခံရပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ် လီရှန်လုံး က ၎င်းအား ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။သူသည် နှစ်ရှည်အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ PAP၏ လွှတ်တော်ကိုယ်စားလှယ်အများစုထောက်ခံမှုကို ရထားသူလည်း ဖြစ်သည်။၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ဝန်ကြီးချုပ် လီရှန်လုံး ရာထူးမှနုတ်ထွက်သွား၍[၅] လောရန့်စ်ဝေါင် သည် စင်ကာပူနိုင်ငံ၏ စတုတ္ထမြောက်ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုရင်း ၎င်းဝန်ကြီးချုပ်တာဝန်များအား စတင်ထမ်းဆောင်သည်။[၆]

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် အသက်၂၈ နှစ်အရွယ် တွင် ပထမအိမ်ထောင်ပြုခဲ့ပြီး ၃နှစ်အကြာတွင် ကွာရှင်းခဲ့သည်။[၇][၈]လက်ရှိတွင် ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်သူနှင့် အိမ်ထောင်ပြုထားကာ[၉] သားသမီးမရှိပေ။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. Lawrence Wong sworn in as Singapore’s first new prime minister in 20 yearsAljazeera (15 May 2024)။ 17 May 2024 တွင် ပြန်စစ်ပြီး။
  2. Opening Remarks by Deputy Prime Minister and Coordinating Minister for Economic Policies Heng Swee Keat at the press conference on the new Cabinet line-up on 13 May 2024.Prime Minister's Office Singapore (13 May 2024)။ 17 May 2024 တွင် ပြန်စစ်ပြီး။
  3. စင်္ကာပူဝန်ကြီးချုပ် တာဝန်က အနားယူVOA Burmese (၁၅ ဧပြီ၊ ၂၀၂၄)။ ၁၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. စတုတ္ထမြောက် စင်ကာပူ ဝန်ကြီးချုပ်ဖြစ်လာမည့် လောရင့်ဝေါင်း မည်သူနည်းThe Irrawaddy (၃၀ ဧပြီ ၂၀၂၄)။ ၁၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရာထူးကနားပြီး လီခေတ်အဆုံးသတ်ပြီBBC Burmese (၁၅ မေ ၂၀၂၄)။ ၁၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. လီရှန်လွန်း နေရာမှာ အစားထိုးတာဝန်ယူမယ့် စင်ကာပူဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုNHK Japan (၁၆ မေ ၂၀၂၄)။ ၁၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. You tick my box: How Singapore politicians found love (25 June 2020)။ 4 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2021 တွင် ပြန်စစ်ပြီး။
  8. "Lawrence Wong on politics, policies, and living alone" (in en)၊ The New Paper၊ 1 September 2015။ 
  9. "DPM Lawrence Wong and his wife, and another new TikTok account: What politicians are up to this week | The Straits Times" (in en)၊ The Straits Times၊ 6 August 2022။ 
  10. Goh၊ Yan Han။ "7 things to know about Singapore's next prime minister Lawrence Wong" (in en)၊ The Straits Times၊ 15 April 2024။ 
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အောင်ဆန်းမေတ္တသုတ်တင်ဦး (ဗိုလ်ချုပ်ကြီး သူရ)မြန်မာနိုင်ငံတပ်မတော် (ကြည်း)မင်းအောင်လှိုင်မြန်မာပြည်ကဏ္ဍ:မြန်မာစကားပုံများဒုတိယ ကမ္ဘာစစ်နေပြည်တော်တိုင်းစစ်ဌာနချုပ်ကားလိုး ကော်လိုဒီမြန်မာနိုင်ငံရှိ မြို့များပဋ္ဌာန်းအောင်ဆန်းစုကြည်အော်ကာမဟာသမယသုတ်တပ်မတော်ရှမ်းပြည်နယ်ထိုင်းနိုင်ငံဘာဂျာမှုတ်ခြင်းဂျပန်နိုင်ငံဂုဏ်တော်ကွန်ချာပုဂံဘုရားဂုဏ်တော်အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရာသီခွင်တစ်ကိုယ်ရည်အာသာဖြေခြင်းအလောင်းမင်းတရားဂေါတမဗုဒ္ဓပရိတ်ကြီး ၁၁ သုတ်မိန်းမ မျိုးပွားအင်္ဂါအထူး:လတ်တလောအပြောင်းအလဲများစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာဘာသာစကားအကူအညီ:မာတိကာ