လက်မည်းကြီး

ဆားဘီးယား စစ်ရေးဆိုင်ရာ လျို့ဝှက်အသင်း

လက်မည်းကြီးဟူသော လျှို့ဝှက်အသင်းသည် ဆားဗီးယားပြည်၊ အလက်ဇန္ဒြားဘုရင်ကို သတ်သူ အွမ်လာဒီနာတစ်ဦး အပစ်ဆ်ဆိုသူက အွမ်လာဒီနာ လျှို့ဝှက်အသင်း ငြိမ်နေသောအခါ အလားတူ အသင်းတစ်ခု ထူထောင်လိုက်သည်။ ထိုအသင်းကို လက်မည်းကြီးဟု ခေါ်ကြသည်။ ကြွေးကြော်သံမှာ ညီညွတ်ရေး သို့မဟုတ် သေ ပင်တည်း။ ဆလက်ဗ်လူမျိုးများ ပေါင်းသင်းညီညွတ်ရေး အဓိကထား၏။ ဘဲလ်ဂရိတ်မြို့တော်၊ ပိုင်မောင့်သတင်းစာတိုက်၌ အသင်းလျှို့ဝှက်စွာ စည်းဝေး၏။ ပန်းကုံးစိမ်းဟိုတယ်ဆိုင်မှာလည်း ကျောင်းပြေးနှင့် နိုင်ငံရေးသမား၊ လူငယ်များ စုရုံး၍ တိုင်းရေးပြည်ရေး ဆွေးနွေးရာမှ လက်မည်းကြီး ပေါ်သည်ဆို၏။


၁၉၀၇-ခုနှစ်၌ လက်မည်းကြီး က မွန်တီနီဂရိုနယ်ဘုရင် နီကိုလတ်ခ်ကို ဗုံးဖြင့် ပစ်သတ်ရန် ကြံစည်ဖူး၏။ ၁၉၁၁-ခုနှစ် အွမ်လာဒီနာဂိုဏ်းဝင် လက်မည်းကြီး သင်းထောင်သူ အပစ်ဆ် က လက်မည်းကြီး သင်းကို တန်ခိုးကြီးအောင် လုပ်ကြံပြန်သည်။ အွမ်လာဒီနာအသင်းဝင်ဟောင်းများစု၍ အသင်းဝင် ငါးဦး "'လက်တစ်ချောင်း"'တပ်ခွဲ ဖွင့်၏။ တစ်သဝေမတိမ်း လူကြီးဩဇာ လိုက်နာပါမည်ဟု သစ္စာဆိုကြ၏။ အသင်းတံဆိပ်မှာ လူ့ခေါင်းခွံနှင့် ခြေရိုးလက်ရိုး ကြက်ခြေခတ်များနှင့် ဓားမြှောင်၊ ဗုံးအဆိပ်ပုလင်းကို လက်ဖြင့် ဆုပ်ထားပုံ ဖြစ်သည်။[၁]


ကိုးကား

ပြင်ဆင်ရန်
  1. မြဒေါင်းညို ရေး ၊ ကမ္ဘာ့လျှို့ဝှက်အသင်းများ စာအုပ်မှ၊ စာ-၁၂၄၊ ၂၀၁၈၊ ဩဂုတ်လ၊ ဒုအကြိမ်
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာမြန်မာအမျိုးသမီးများနေ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အာဇာနည်နေ့အောင်ဆန်းမဟာသမယသုတ်အောင်ဆန်းစုကြည်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နယုန်လပြည့်နေ့မြန်မာပြည်ထိုင်းနိုင်ငံမြန်မာနိုင်ငံဂျပန်နိုင်ငံမဟာသမယနေ့တပ်မတော်မေတ္တသုတ်ပုဂံကားလိုး ကော်လိုဒီအနော်ရထာတရုတ်ပြည်သူ့သမ္မတနိုင်ငံဘဂျမ်း (ကာတွန်း)မဟာသမယ အခါ​တော်​နေ့​ပွဲအလောင်းမင်းတရားမူးယစ်ဆေးဝါးမင်းအောင်လှိုင်ပဋ္ဌာန်းသုခ (ပန်းချီဆရာ)ပုဂံခေတ်ဒုတိယ ကမ္ဘာစစ်ရွှေတိဂုံစေတီတော်ပန်ထွာဘုရင်မဗမာလူမျိုးရွှေကျင်ဂိုဏ်းကဏ္ဍ:မြန်မာစကားပုံများဘုရင့်နောင်အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကျန်စစ်သား