မိုးပွလူမျိုး

မိုးပွလူမျိုးများမှာ ပိုးကရင် အုပ်စုဝင် လူမျိုးတစ်မျိုး ဖြစ်သည်။ မိုးပွလူမျိုးတို့မှာ တောင်ငူခရိုင်၊ မော်ချီးကားလမ်း မိုင်တိုင်(၂၀)အနီး သံတောင်မြို့နယ်၊ မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာတွင် နေထိုင်ကြသည်။ စကားသံနှင့် အခေါ်အဝေါ်များမှ အပ လူမှုရေးဆိုင်ရာ ရိုးရာဓလေ့များမှာ မွန်ကရင်၊ ပိုးကရင်များနှင့် များစွာကွာခြားနေကြောင်း တွေ့ရပေသည်။

မိုးပွတို့၏ စကားမှာ ပိုးကရင်များနှင့် များစွာတူညီသည်။ ယင်းလူမျိုးတို့၏ ပုံပြင်ဒဏ္ဍာရီများနှင့် ပါးစပ်ရာဇဝင်များတွင် မိုးပွများသည် တစ်ချိန်က ဒုံရင်းနှင့် သထုံခရိုင်များတွင် နေထိုင်ခဲ့ကြပြီး လူနေကျပ်တည်းသဖြင့် မူလလာလမ်းအတိုင်း တောင်ငူဘက်သို့ ဆုတ်ခွာခဲ့ရကြောင်း ပါရှိလေသည်။ ဘွဲမျိုးကွဲတို့၏ ပါးစပ်ရာဇဝင်အရ မိုးပွတို့မှာ ဖမ်းဆီးရမိသော ဘောဂလိဘက်မှ ပကူးကရင် သုံ့ပန်းများဖြစ်ပြီး ယင်းတို့ကို သံတောင်၊ တောင်ခြေအရပ်တွင် အစောင့်အရှောက်အဖြစ် ရွာတည်ပေးကာ နေထိုင်စေခဲ့ကြောင်းဖြင့် အဆိုရှိသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသား လူမျိုးများ အဘိဓာန်စာအုပ်မှ
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာတင်ဦး (ဗိုလ်ချုပ်ကြီး သူရ)အောင်ဆန်းတပ်မတော် (ကြည်း)အောင်ဆန်းစုကြည်မြန်မာနိုင်ငံမြန်မာပြည်မေတ္တသုတ်ကားလိုး ကော်လိုဒီနေပြည်တော်တိုင်းစစ်ဌာနချုပ်မဟာသမယသုတ်တပ်မတော်ကျန်စစ်သားထိုင်းနိုင်ငံရှမ်းပြည်နယ်ပဋ္ဌာန်းဂုဏ်တော်ကွန်ချာဘာဂျာမှုတ်ခြင်းရွှေတိဂုံစေတီတော်ဒုတိယ ကမ္ဘာစစ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများအလောင်းမင်းတရားဂျပန်နိုင်ငံအထူး:လတ်တလောအပြောင်းအလဲများအော်ကာတိုင်းစစ်ဌာနချုပ်မင်းအောင်လှိုင်အနော်ရထာရာသီခွင်မြန်မာတိုင်းရင်းသားမျိုးနွယ်များရခိုင်ပြည်နယ်မြန်မာကျပ်ငွေမြန်မာနိုင်ငံရှိ မြို့များစအိုဖြင့် လိင်ဆက်ဆံခြင်းဘုရားဂုဏ်တော်ကဏ္ဍ:မြန်မာစကားပုံများဒီပဲယင်းအရေးအခင်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုး