ဘဲလ်စတာရိုစ်၊ ဆီဗ်

ဥရောပတိုက်၏ ဂေါဖ့်စတားဆီဗ်ဘဲလ်စတာရိုစ်ကို ၁၉၅၇ ခုနှစ် ဧပြီလ ၉ရက် နေ့တွင် စပိန်နိုင်ငံ ပတ်ဒရီနာမြို့၌ မွေးဖွားသည်။ဆီဗ်သည် ဂေါက်သီးအားကစားကို ခုံမင်သောမိသားစုမှပေါက်ဖွားလာသူဖြစ်သည်။ ၎င်း၏ အစ်ကိုနှင့်ဦးလေးမှာ ကြေးစားဂေါက် သီး အားကစားသမားများဖြစ်ကြသည်။ ဆီဗ်၏ ကစားပွဲများတွင် ဖန်တီးနိုင်စွမ်းရှိခြင်း၊စိတ်ကူးစိတ်သန်းကောင်းခြင်းနှင့် ပါရမီထူးခြင်းတို့သည်ထူးခြားသည့် ဝိသေသများဖြစ်ကြသည်။ ဆီဗ်သည်၁၉၇၄ ခုနှစ်မှစ၍ ဂေါဖ့်အားကစားကို စတင် လေ့လာလိုက်စားခဲ့သည်။ ထိုနှစ်မှာပင် အသက် ၁၆ နှစ်အရွယ်ဖြင့် စပိန်ကြေးစားတံခွန်စိုက်ဆုရရှိသည်။ ၁၉၇၆ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်တွင် British Open ဂေါ့ဖ်ပြိုင်ပွဲ၌ ရိုက်ချက်လေးချက်ဖြင့် အနိုင်ရခဲ့သည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသော U.S.Opean မာစတာပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ယူရိုပီယံ RyderCup အဖွဲ့တွင် U.S. PGA ပွဲစဉ်များ ကစားနိုင်ရန်အတွက် ဆန္ဒပြုခံရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် Ryder Cup အသင်းတွင် ကြီးမားသောအောင်မြင်မှုများဖြင့် ဥရောပပွဲစဉ်များကို လွှမ်းမိုးထားခဲ့သည်။ ၁၉၉၅ ခုနှစ် ဥရောပပွဲစဉ်သည်၎င်း၏နောက်ဆုံးအနိုင်ရသည့် ပွဲစဉ်ဖြစ်သည်။ဆီဗ်သည် ၂၀၀၀ ပြည့်နှစ်တွင် ဥရောပ ရာစုနှစ်ကစားသမားနှင့် စပိန်နိုင်ငံ၏ ရာစုနှစ်အားကစားသမားအဖြစ် ရွေးချယ်ခံရသည်။ ၁၉၉၇ ခုနှစ်တွင် Ryder Cup အသင်း၏ ခေါင်းဆောင်ဖြစ်ပြီး World Golf Hall of Fame တွင်ပါဝင်သူဖြစ်သည်။၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပြိုင်ပွဲဝင်ခြင်းကို တဖြည်းဖြည်းရပ်နားလာခဲ့ရာ ၂၀၀၇ ခုနှစ် Champions Tourပြိုင်ပွဲကို နောက်ဆုံးပြိုင်ခဲ့သည်။ဥရောပပွဲစဉ် ၅၀ ကျော်ကို ယှဉ်ပြိုင်ခဲ့သူဆီဗ်ဘဲလ်စတာရိုစ်သည် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင်ဦးနှောက်အကျိတ်ရောင်ရောဂါဖြစ်ပွားခဲ့ပြီး အကြိမ်များစွာ ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း ၂၀၁၁ ခုနှစ် မေလ၇ ရက်၊ အသက် ၅၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းအထူး:လတ်တလောအပြောင်းအလဲများမြန်မာပြည်မင်းအောင်လှိုင်မေတ္တသုတ်တပ်မတော် (ကြည်း)ဒုတိယ ကမ္ဘာစစ်ပဋ္ဌာန်းမြန်မာနိုင်ငံမဟာသမယသုတ်သောမတ် အက်ဒီဆင်ထိုင်းနိုင်ငံကားလိုး ကော်လိုဒီတပ်မတော်အောင်ဆန်းစုကြည်မြန်မာနိုင်ငံရှိ မြို့များဘုရားဂုဏ်တော်သိပ္ပံပညာပုဂံအမေရိကန်ပြည်ထောင်စုသမ္မာကျမ်းစာကမ္ဘာ့ကလေးများနေ့ပုဂံခေတ်ဂျပန်နိုင်ငံကျားမူးယစ်ဆေးဝါးအလင်္ကာဝီကီပီးဒီးယားတရုတ်ပြည်သူ့သမ္မတနိုင်ငံကမ္ဘောဒီးယားနိုင်ငံဂေါတမဗုဒ္ဓအလောင်းမင်းတရားမြန်မာနိုင်ငံ၏ အလံတော်ဝီကီပီးဒီးယား:အကြောင်းအလက်ဇန္ဒား ဂရေဟမ် ဘဲလ်စင်ကာပူနိုင်ငံအာဇာနည်နေ့