နီမန်ဂျာ ဗီဒစ်

ဆားဘီးယား ဘောလုံးသမား

နီမန်ဂျာဗီဒစ် (Serbian Cyrillic: Немања Видић, Serbian pronunciation: [ně̞maɲa v̞ǐːditɕ] ; အောက်တိုဘာ ၂၁၊ ၁၉၈၁မွေး) သည် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် ၏အသင်းခေါင်းဆောင် ဆားဘီးယားလက်ရွေးစင်ဖြစ်သည်။ သူသည် ၂၀၀၂ မှ ၂၀၁၁ အထိ ဆားဘီးယားလက်ရွေးစင် အသင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့သည်။

နီမန်ဂျာ ဗီဒစ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံNemanja Vidić[၁]
အရပ်အမြင့်၁.၈၉m (၆ပေ ၂လက်မ)[၂]
ကစားသည့်နေရာအလယ်နောက်ခံ
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
မန်ချက်စတာ ယူနိုက်တက်
အင်္ကျီနံပါတ်15
လူငယ်ဘဝကလပ်များ
၁၉၈၉–၁၉၉၄ပွတ်တက်ဗီ
၁၉၉၄ ၁၉၉၆ဥဇီဆီ
၁၉၉၆–၂၀၀၀ရက်စတား ဘဲလ်ဂရိတ်ဒ်
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
၂၀၀၀–၂၀၀၄ရက်စတား ဘဲလ်ဂရိတ်ဒ်67(12)
၂၀၀၀ ၂၀၀၁စပါးတပ် ဆပ်ဘောတီကား (loan)27(6)
၂၀၀၄–၂၀၀၆စပါးတပ်မော်စကို39(4)
၂၀၀၆–မန်ချက်စတာ ယူနိုက်တက်167(14)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၂–၂၀၁၁ဆားဘီးယားလက်ရွေးစင်56(2)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 19:59, 3 December 2011 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 18:22, 11 October 2011 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ဗီဒစ်သည် စပါးတပ်မော်စကိုသို့ ၂၀၀၄ခုနှစ် နွေရာသီတွင် ပြောင်းရွေ့ခဲ့သည်။၂၀၀၆ခုနှစ် နောက်ပိုင်းတွင် ပေါင် ၇သန်းဝန်းကျင်ဖြင့် မန်ချက်စတာယူနိုက်တက်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက်တွင် သူသည် ရီယိုဖာဒီနန်နှင့် တွဲဖက်၍ တိုးတက်ကောင်းမွန်လာခဲ့သည်။

သူသည် မန်ယူတွင် ကစားစဉ်တစ်လျှောက် ၃နှစ်ဆက်ပရီးမီးယားလိဂ်ဖလား ၃ခု(စုစုပေါင်း လေးခု)၊ ချန်ပီယံလိဂ်ဖလား ၁ခု၊ ကမ္ဘာ့ကလပ်ချန်ပီယံဆုတစ်ခု၊ ကားလင်းဖလား ၃ခုနှင့် ပရီးမီးယားလိဂ်အကောင်းဆုံး အသင်းဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ ၂၀၀၈ ၂၀၀၉ဘောလုံးရာသီတွင် သူသည် မန်ယူကို ၁၄ပွဲဆက် ပေးဂိုးမရှိအသင်းဖြစ်အောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြင့်ချင်းခံခဲ့ရသည်။ သူသည် ပရိသတ်များမှ ပေးသော အကောင်းဆုံးကစားသမားဆု နှင့် ကစားသမားများမှ ပေးသော အကောင်းဆုံးကစားသမားဆုတို့ကို လည်း ရရှိခဲ့သည်။ ၂၀၁၀ ၁၁ ဘောလုံးရာသီတွင် ဗီဒစ်သည် မန်ချက်စတာယူနိုက်တက်၏ အသင်းခေါင်ဆောင် ဂယ်ရီနဗီး ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် မန်ယူ အသင်းခေါင်းဆောင်အသစ်အဖြစ် အပ်နှင်းခြင်းခံခဲ့ရသည်။ သူသည် လက်ရှိ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမား ဆုကို လက်ခံထားသူဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Premier League clubs submit squad lists (PDF)။ PremierLeague.com။ Premier League (2 February 2012)။ 27 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2012 တွင် ပြန်စစ်ပြီး။
  2. Nemanja Vidic။ FC Internazionale Milano။ 24 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2015 တွင် ပြန်စစ်ပြီး။
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းမင်းအောင်လှိုင်ပုဂံမြန်မာနိုင်ငံနှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ဒုတိယ ကမ္ဘာစစ်မေတ္တသုတ်မြန်မာပြည်မဟာရဋ္ဌသာရ၊ သျှင်ဂျပန်နိုင်ငံထိုင်းနိုင်ငံအောင်ဆန်းစုကြည်တရုတ်ပြည်သူ့သမ္မတနိုင်ငံဂုဏ်ဆယ်ပါးမြန်မာနိုင်ငံရှိ မြို့များပဋ္ဌာန်းလောကသာရ ဆုံးမစာပျို့အထူး:လတ်တလောအပြောင်းအလဲများပုဂံခေတ်အရှေ့တောင်အာရှနိုင်ငံများအသင်းအလောင်းမင်းတရားအလင်္ကာတပ်မတော်သင်္ဂဇာဆရာတော်ကုန်းဘောင်ခေတ်ဇော်ဂျီ (စာရေးဆရာ)ကုန်းဘောင်မင်းဆက်ကဏ္ဍ:မြန်မာစကားပုံများတပ်မတော် (ကြည်း)ဂုဏ်တော်ကွန်ချာမဟာသမယသုတ်ကားလိုး ကော်လိုဒီမြန်မာတိုင်းရင်းသားမျိုးနွယ်များသောမတ် အက်ဒီဆင်ပရိတ်ကြီး ၁၁ သုတ်မြန်မာ့သမိုင်းသိပ္ပံပညာ