နက်ဗျူလာများနှင့် ကြယ်အုပ်စုတို့၏ ယေဘုယျ အမျိုးအမည်စာရင်း

နက်ရှိုင်းသော ကောင်းကင်ယံမှ ပစ္စည်းအမျိုးအစားများ၏ ယေဘုယျအမျိုးအမည်စာရင်း



ခရုတ်ပတ်ပုံစံ ဂယ်လက်ဆီ NGC 3982 သည် တောက်ပသောကြယ်များနှင့် လက်မောင်းတံများစွာဖြင့် ပြည့်နေသည်၊ အပြာရောင်ကြယ်အုပ်စုနှင့် အနက်ရောင် ဖုန်လမ်းကြောင်းတို့ပါဝင်ကာ ယင်းသည် အလင်းနှစ် ၃ဝဝဝဝ အထိရှည်လျားပြီး ကမ္ဘာမြေမှ အလင်းနှစ်သိန်းပေါင်း ၆၈ ကွာဝေးသည်။[၁] ကြယ်စုတန်း အာရှာ မေဂျာထဲတွင် တယ်လီစကုပ်ငယ်ဖြင့် မြင်နိုင်သည်။

နက်ဗျူလာများနှင့် ကြယ်အုပ်စုတို့၏ ယေဘုယျ အမျိုးအမည်စာရင်း (အတိုကောက် NGC[၂]) သည် နက္ခတ္တဗေဒတွင် ကောင်းကင်ယံမှ ပစ္စည်းအမျိုးအစားများအား ပြုစုထားသော စာရင်းတစ်ခု ဖြစ်သည်။ ယင်းအား ဂျွန် ဟာရှယ်၏ နက်ဗျူလာများနှင့် ကြယ်အုပ်စု စာရင်းအား ပြန်လည်ပြင်ဆင်မွမ်းမံထားသော စာရင်းသစ်ဖြစ်သည်။[၃] ၁၈၈၈ ခုနှစ်တွင် ဂျွန် လူးဝစ် အီမီဒရီယာဆိုသူက ပြန်လည်ပြုစုခဲ့သည်။[၄] NGC တွင် NGC အရာဝတ္ထုဟုသိထားသည့် အရာဝတ္ထုပေါင်း ၇၈၄ဝ ခုပါဝင်သည်။[၅] ဒရီယာသည် သူ၏ပထမဆုံး ပုံနှိပ်သည့်စာအုပ် အညွန်းစာရင်း (အတိုကောက် IC) အား ၁၈၉၅ ခုနှစ်တွင် အရာဝတ္ထုပေါင်း ၁၅၂ဝ ခုပါဝင်ပြီး ၁၉ဝ၈ ခုနှစ် ဒုတိယအကြိမ်ပုံနှိပ်ရာတွင် အရာဝတ္ထုပေါင်း ၃၈၆၆ ခုပါဝင်သည်။[၆]ကောင်းကင်ယံတောင်ဘက်ပိုင်း၏ အရာဝတ္ထုများကို ဂျွန် ဟာရှယ် သို့မဟုတ် ဂျိမ်း ဒန်လော့တို့က စာရင်းပြုစုထားခြင်း ဖြစ်သည်။

မတူညီသော နက်ဗျူလာ လေးမျိုး ထိပ်ပိုင်းဝဲယာဘက်မှ နာရီလက်တံပြောင်းပြန်အတိုင်း NGC 6543, NGC 7662, NGC 6826, and NGC 7009

ကျမ်းကိုး

ပြင်ဆင်ရန်
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာအောင်ဆန်းမြင့်ကြွယ် (မြို့မ)ပုဂံကျန်စစ်သားဖခင်များနေ့ဂျပန်နိုင်ငံအောင်ဆန်းစုကြည်အာဇာနည်နေ့မင်းအောင်လှိုင်မူးယစ်ဆေးဝါးသိပ္ပံပညာမြန်မာပြည်ဘုရင့်နောင်မြန်မာနိုင်ငံအလောင်းမင်းတရားမဟာသမယသုတ်မြန်မာအမျိုးသမီးများနေ့မေတ္တသုတ်သောမတ် အက်ဒီဆင်ပဋ္ဌာန်းတစ်ကိုယ်ရည်အာသာဖြေခြင်းအနော်ရထာဧရာဝတီဘဏ်ကားလိုး ကော်လိုဒီတပ်မတော် (ကြည်း)ကြယ်လိပ်ဗီယက်နမ်နိုင်ငံဘသန်း (ခွဲစိတ်ဆရာဝန်)ထိုင်းနိုင်ငံကဏ္ဍ:မြန်မာစကားပုံများဂေါတမဗုဒ္ဓမြန်မာဘာသာစကားဒုတိယ ကမ္ဘာစစ်ပုဂံခေတ်ကမ္ဘောဒီးယားနိုင်ငံရှင်စောပုကျိုက်ထီးရိုးဘုရား