ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ

၁၉ရာစု၌ ဗြိတိသျှအင်ပါယာနှင့် ကုန်းဘောင်ဧကရာဇ်နိုင်ငံတို့ကြား ဒုတိယအကြိမ်စစ်ပွဲ
(ဒုတိယအင်္ဂလိပ်မြန်မာစစ် မှ ပြန်ညွှန်းထားသည်)

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးသည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ
Second Anglo-Burmese War
ရက်စွဲ၅ ဧပြီ ၁၈၅၂ - ၂၀ ဇန်နဝါရီ ၁၈၅၃
နေရာမြန်မာပြည်အောက်ပိုင်း
ရလဒ်ဗြိတိသျှစစ်နိုင်
စစ်ရင်ဆိုင်သည့် နိုင်ငံများ

 ဗြိတိသျှအင်ပါယာ

မြန်မာ
တပ်မှူးများနှင့် ခေါင်းဆောင်များ
Lieutenant-General Sir Henry Godwinမဟာဗန္ဓုလ၏ သားတော်
၁၈၅၂ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် တိုက်ပွဲဝင်ခဲ့ကြသော မြန်မာတော်ဝင်ဘုရင့်တပ်များ

စစ်ဖြစ်ရသည့်အကြောင်းရင်း

ပြင်ဆင်ရန်

အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန် ဦးအုပ်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။

စစ်မတိုင်မီအင်္ဂလိပ်တို့၏တောင်းဆိုမှုများနှင့်မြန်မာတို့၏လိုက်လျောမှုများ

ပြင်ဆင်ရန်

အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒလဟိုဇီက ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်အား စစ်သင်္ဘောသုံးစင်းဖြင့် ရန်ကုန်သို့ စေလွှတ်၍ လျော်ကြေးငွေများပြန်ပေးရန်နှင့် ရန်ကုန်မြို့ဝန် ဦးအုပ်အား ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ ပုဂံမင်းသည် ရန်ကုန်မြို့ဝန် ဦးအုပ်ကို အင်းဝနေပြည်တော်သို့ ပြန်ခေါ်၍ ရွှေတောင်မြို့ဝန် ဦးမှုန်ကို ရန်ကုန်သို့ ပြောင်းရွှေ့ခန့်ထားလိုက်သည်။ လျော်ကြေးငွေများကိုလည်း စုံစမ်းစစ်ဆေးပြီး သင့်သလိုစီစဉ်ပေးရန် ညွှန်ကြားခဲ့သည်။

စစ်ဖြစ်ပွားပုံ

ပြင်ဆင်ရန်

ရေတပ်ဗိုလ်မှူးချုပ် လင်းဘတ် စေလွှတ်လိုက်သော အရာရှိတို့သည် ရန်ကုန်မြို့ဝန် ဦးမှုန်၏ အိမ်ဝင်းအတွင်း မြင်းစီး၍ဝင်သဖြင့် အမှုထမ်းတို့ကတားဆီးရာတွင် တင်းမာမှုဖြစ်ခဲ့သည်။ ထိုအရာရှိတို့ကို ဦးမှုန်က ရေဝန်စစ်ကဲနှင့်သာ တွေ့ဆုံစေသဖြင့် မကျေမနပ်ဖြစ်ကာ လင်းဘတ်ကို တိုင်ကြားခဲ့သည်။ လင်းဘတ်သည် ၁၈၅၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာဘုရင်ပိုင် ရေနန်းယာဉ်သာ သင်္ဘောကို ရန်ကုန်မြစ်အတွင်းမှ အဓမ္မယူဆောင်သွားသည်။ မြန်မာကင်းတပ်တို့က တားဆီးရာတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် လင်းဘတ်က ရန်ကုန်မြစ်ပုသိမ်မြစ်မုတ္တမမြစ် တို့ကို ပိတ်ဆို့ခဲ့သည်။

နှစ်ဘက်တင်းမာချိန်အင်္ဂလိပ်တို့၏ထပ်မံတောင်းဆိုမှုများ

ပြင်ဆင်ရန်

ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်က ရေနန်းယာဉ်သာ သင်္ဘောကို ပြန်လည်ရယူလိုပါက စစ်ပြင်ဆင်စရိတ်နှင့် အင်္ဂလိပ်တို့၏နစ်နာကြေးအတွက် မြန်မာတို့က ငွေဒင်္ဂါးတစ်သန်းပေးရန်နှင့် ရန်ကုန်မြို့ဝန်ဦးအုပ်အားရာထူးမှယ်ရှားပေးရန်စသည့် အချက်များကို လိုက်လျောရမည်ဟု တောင်းဆိုသည်။

စစ်ကိုတိုက်ခိုက်ပုံ

ပြင်ဆင်ရန်

ပုဂံမင်းသည် စစ်ကြောင်း လေးကြောင်းဖြန့်ကာ အင်္ဂလိပ်တို့ကို တန်ပြန်တိုက်ခဲ့သည်။ မြန်မာတို့သည် သမားရိုးကျစစ်ဆင်နည်းနှင့် ပြောက်ကျားစစ်ဆင်နည်းတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ မြေပြင်ပြစ် အမြောက်ကြီး ၁၀၀ မျှအသုံးပြုပြီး ခံကတုတ်များနှင့် ခံတပ်များကို ပိုမိုတောင့်တင်းအောင် တည်ဆောက်၍ စစ်ကိုခုခံခဲ့သည်။ အင်္ဂလိပ်တပ်များသည် စစ်အင်အား ၈၁၀၀ ဦးခန့်၊ စစ်သင်္ဘော ၁၉ စင်း၊ သယ်ယူပို့ဆောင်ရေးသင်္ဘော ၁၅ စင်း၊ အဝေးပြစ်အမြောက်ကြီးများ၊ ရှစ်လက်မအမြောက်မြား၊ ဟော်ဝစ်ဇာအမြောက်ကြီးများနှင့် သ‌ေင်္ဘာတင်အမြောက်မြား အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မင်းအောင်လှိုင်အောင်ဆန်းစုကြည်အောင်ဆန်းပုဂံမြန်မာနိုင်ငံမြန်မာပြည်သိပ္ပံပညာတပ်မတော်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ကားလိုး ကော်လိုဒီမူးယစ်ဆေးဝါးအရှေ့တောင်အာရှနိုင်ငံများအသင်းအနော်ရထာမေတ္တသုတ်ရွှေတိဂုံစေတီတော်တပ်မတော် (ကြည်း)ရသကဏ္ဍ:မြန်မာစကားပုံများမြန်မာအမျိုးသမီးများနေ့ပဋ္ဌာန်းအလင်္ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတရုတ်ပြည်သူ့သမ္မတနိုင်ငံဘုရင့်နောင်ကမ္ဘောဒီးယားနိုင်ငံကျန်စစ်သားကဏ္ဍ:ထီးချိုင့်မြို့နယ်ရှိ ရွာများအထူး:လတ်တလောအပြောင်းအလဲများထိုင်းနိုင်ငံပန်ထွာဘုရင်မစင်ကာပူနိုင်ငံအမေရိကန်ပြည်ထောင်စုဧရာဝတီဘဏ်သင်္ဂဇာဆရာတော်အင်းလေးကန်အာဇာနည်နေ့