ကမ္ဘာဂြိုဟ်သည်လည်း ဂြိုဟ်တစ်ခုပင်ဖြစ်ငြားသော်လည်း ဂြိုဟ်သားဟူသည်မှာ တိရစ္ဆာန်နှင့်လူသားများ၊ နတ်ဒေဝတာများ စသည်တို့ကိုရည်ညွှန်းလိုသောသဘောမရှိပဲ အခြားဂြိုဟ်တစ်ခုခုမှ စိတ်ကူးယဉ်သက်သက်ထက်မကသော သက်ရှိသတ္တဝါ ကိုဆိုလိုခြင်းဖြစ်သည်။


ဂြိုဟ်သားနှင့်စပ်လျဉ်း၍ ပြင်ဆင်ရန်

နေစကြဝဠာ ဂြိုဟ်စုတွင် ကမ္ဘာဂြိုဟ်မှ တပါး ကျန်ဂြိုဟ်များတို့၌ သက်ရှိတို့ ပေါက်ပွားနေထိုင်သည့်အထောက်အထား ခိုင်လုံစွာမတွေ့ရပေ။သို့သော် အင်္ဂါဂြိုဟ်တွင် သက်ရှိသတ္တဝါများ ရှိကောင်းရှိနိုင်သည်ဟူသော အယူအဆများ ပေါ်ပေါက်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း အင်္ဂါဂြိုဟ်တွင်ရေရှိကြောင်းအထောက်အထားများတွေ့ရှိရသဖြင့် သက်ရှိများရှိနိုင်သည် သို့မဟုတ် ရှိခဲ့နိုင်သည်ဟု သိပ္ပံပညာရှင်များကယူဆကြသည်။ အင်္ဂါဂြိုဟ်မှပဲ့ထွက်လာဟန်ရှိသောဥက္ကာခဲများ ကမ္ဘာပေါ်သို့ကျရောက်လာသည်များကိုလေ့လာခြင်းဖြင့် သက်ရှိများ၏ကျောက်ဖြစ်ရုပ်ကြွင်းဟုထင်ရသောအရာများကိုတွေ့ရှိရသဖြင့် အင်္ဂါဂြိုဟ်တွင် တစ်ချိန်ကသက်ရှိများနေထိုင်ခဲ့ကြသည်ဟုယူဆဖွယ်ဖြစ်သည်။

သိပ္ပံပညာရှင်တို့က သက်ရှိများရှိနိုင်သည် သို့မဟုတ် နေထိုင်လို့ရသည်ဟုယူဆကြသောအခြားဂြိုဟ်များမှာ စနေဂြိုဟ်၏ဂြိုဟ်ရံလဖြစ်သည့် တိုင်တန်၊ ကြာသပတေးဂြိုဟ်၏ဂြိုဟ်ရံလဖြစ်သည့် ကာဆီနီ၊ နေစကြဝဠာအပြင်ဘက်ရှိ ကက်ပလာ၂၂ ဂြိုဟ်များဖြစ်ကြသည်။

ထိုမှတဆင့် နေစကြဝဠာအပြင်ဘက်ရှိ ဂြိုဟ်တစ်ခုခုတွင်လည်း သက်ရှိသတ္တဝါ အချို့တည်ရှိနိုင်မည်ဖြစ်ကြောင်း၊ လူသားတို့ထက်ပင် အသိဉာဏ်အဆင့်မြင့်မားနေနိုင်ပြီး မြေကမ္ဘာဂြိုဟ်သို့ လာရောက်စူးစမ်းလေ့လာခြင်းများလည်းရှိကြောင်း ပြောဆိုသူများ ယုံကြည်သူများရှိလာခဲ့သည်။ရို့စ်ဝဲလ်ဖြစ်ရပ်ဆန်း Roswell case ဟူသော သတင်းများကြောင့် ဂြိုဟ်သား နှင့် ပန်းကန်ပြားပျံခေါ်အမျိုးအမည်မသိယာဉ်ပျံများ UFO တို့အပေါ်စိတ်ပါဝင်စားသူများခဲ့သည်။နောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် ကမ္ဘာ့အပြင်ဘက်မှ လူပိုတစ်ယောက် ဟုအဓိပ္ပာယ်ရသော ET ရုပ်ရှင်ဇာတ်လမ်း ပေါ်ပေါက်လာပြီး ဒေါ်လာသန်းပေါင်းများစွာ မြတ်စွန်းသည့်တိုင် စိတ်ဝင်စားမှုရရှိခဲ့သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းမင်းအောင်လှိုင်ပုဂံမြန်မာနိုင်ငံနှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ဒုတိယ ကမ္ဘာစစ်မေတ္တသုတ်မြန်မာပြည်မဟာရဋ္ဌသာရ၊ သျှင်ဂျပန်နိုင်ငံထိုင်းနိုင်ငံအောင်ဆန်းစုကြည်တရုတ်ပြည်သူ့သမ္မတနိုင်ငံဂုဏ်ဆယ်ပါးမြန်မာနိုင်ငံရှိ မြို့များပဋ္ဌာန်းလောကသာရ ဆုံးမစာပျို့အထူး:လတ်တလောအပြောင်းအလဲများပုဂံခေတ်အရှေ့တောင်အာရှနိုင်ငံများအသင်းအလောင်းမင်းတရားအလင်္ကာတပ်မတော်သင်္ဂဇာဆရာတော်ကုန်းဘောင်ခေတ်ဇော်ဂျီ (စာရေးဆရာ)ကုန်းဘောင်မင်းဆက်ကဏ္ဍ:မြန်မာစကားပုံများတပ်မတော် (ကြည်း)ဂုဏ်တော်ကွန်ချာမဟာသမယသုတ်ကားလိုး ကော်လိုဒီမြန်မာတိုင်းရင်းသားမျိုးနွယ်များသောမတ် အက်ဒီဆင်ပရိတ်ကြီး ၁၁ သုတ်မြန်မာ့သမိုင်းသိပ္ပံပညာ