ခွာဆင်းမ်လူမျိုး

ခွာဆင်းမ်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဖလမ်းနယ် ခွာဆင်းမ်းချင်းတို့သည် ပေါင်းသင်းပြီးနှစ်အတန်ကြာသည်အထိ သားသမီးမရသော် နှစ်ဦးသဘောတူ ကွာရှင်းလေ့ရှိသည်။ ထိုသို့ ကွာရှင်းရာတွင် နှစ်ဦးသဘောတူဖြစ်ပါက နေအိမ်မှ အပ ကျန်ပစ္စည်းအားလုံးကို တစ်ဝက်စီ ခွဲဝေယူကြသည်။ သားသမီးမရမီ မိန်းမက ယောက်ျားအပေါ် တစ်စုံတစ်ရာ အပြစ်မပြဘဲ ကွာရှင်းလိုသော် မင်္ဂလာကြေးအားလုံးကို ပြန်ပေးရသည်။ သားသမီးရပြီးမှ ဤသို့ကွာရှင်းလိုပါက မင်္ဂလာကြေးတစ်ဝက် ပြန်ပေးရသည်။

ခွာဆင်းမ်အမျိုးသားများ၏ လူပျိုလှည့်ပုံမှာ ရှေးက လူပျိုများသည် အပျို့အိမ်တွင် စုပြီး အိပ်ကြသည်၌ ယခုမူ အပျို့အိမ်တွင် မအိပ်ကြတော့ချေ။ လူပျိုတွေချည်း သီးခြားအိပ်ကြသည်။ ညအခါ၌ ကာလသားများ စုရုံးပြီး လူပျိုလှည့် သွားကြသည့်အခါ ဝါးဖြင့်ပြုလုပ်သော ပုလွေကို မှုတ်၍ အချစ်သီချင်း ဆိုကြသည်။ မိန်းမပျိုက မီးပုံဘေးတွင် ဝိုင်းထိုင်နေသော လူပျိုကာလသားများကို ဧည့်ခံစကားပြောရသည်။

ပထမတွင် မိဘများကပါ အတူရော၍ ထိုင်နေကြပြီး အတန်ကြာသော် မိဘများ အိပ်ရာဝင်ကြသည်။ ညဉ့်နက်လျှင် လူပျိုများပြန်ကြရသည်။ မျက်နှာအရိပ်အကဲဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ကြောင်း သိကြရလျှင် ကာလသားက မိဘကို ပြောပြပြီး မိဘက တောင်းရမ်းလက်ထပ် ပေးရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာတင်ဦး (ဗိုလ်ချုပ်ကြီး သူရ)အောင်ဆန်းတပ်မတော် (ကြည်း)အောင်ဆန်းစုကြည်မြန်မာနိုင်ငံမြန်မာပြည်မေတ္တသုတ်ကားလိုး ကော်လိုဒီနေပြည်တော်တိုင်းစစ်ဌာနချုပ်မဟာသမယသုတ်တပ်မတော်ကျန်စစ်သားထိုင်းနိုင်ငံရှမ်းပြည်နယ်ပဋ္ဌာန်းဂုဏ်တော်ကွန်ချာဘာဂျာမှုတ်ခြင်းရွှေတိဂုံစေတီတော်ဒုတိယ ကမ္ဘာစစ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများအလောင်းမင်းတရားဂျပန်နိုင်ငံအထူး:လတ်တလောအပြောင်းအလဲများအော်ကာတိုင်းစစ်ဌာနချုပ်မင်းအောင်လှိုင်အနော်ရထာရာသီခွင်မြန်မာတိုင်းရင်းသားမျိုးနွယ်များရခိုင်ပြည်နယ်မြန်မာကျပ်ငွေမြန်မာနိုင်ငံရှိ မြို့များစအိုဖြင့် လိင်ဆက်ဆံခြင်းဘုရားဂုဏ်တော်ကဏ္ဍ:မြန်မာစကားပုံများဒီပဲယင်းအရေးအခင်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုး