ချယ်ရီပန်း

ချယ်ရီပင်မှ ပွင့်သောပန်း

ချယ်ရီပင်သည် နှင်းဆီမျိုးရင်းဝင် အပင်ဖြစ်၍ ယင်း၏ မျိုးစုအမည်မှာ ပရုနပ်ဖြစ်သည်။ ချယ်ရီအချိုမျိုး၊ အချဉ်မျိုး ဟူ၍ ၂ မျိုးရှိရာ အချိုမျိုးကို ပရုနပ်အဗီယမ်ဟူ၍ လည်း ကောင်း၊ အချဉ်မျိုးကို ပရုနပ်စီရာဆပ်ဟူ၍ လည်းကောင်း ခေါ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းရှိ တောင်ကုန်းများ၌ အချို မျိုးဖြစ်သော ပရုနပ်အဗီယမ်ချယ်ရီပင်များကို တွေ့ရတတ်သည်။

ဂျပန်နိုင်ငံ ဖူကုရှီမာတောင်မှ ချယ်ရီပန်း။

ဂျပန်နိုင်ငံ၌ ချယ်ရီပန်းများပွင့်သော နွေဦးပေါက်ချိန်တွင်ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ချယ်ရီအချို သီးမှည့်များကို အသီးမှည့်အတိုင်း စားသုံးကြသည်။ ချယ်ရီအချဉ်သီးကိုမူ သနပ်၊ ချဉ်ရည် စသည်တို့ပြုလုပ် ရန် အသုံးချကြသည်။ ချယ်ရီသီးအရည်ကို အရက်ချက်ကြသည်။ ချယ်ရီသားဖြင့် အကောင်းစားအိမ်ထောင် ပစ္စည်းများကို ပြုလုပ်ကြသည်။ ချယ်ရီပင်၏ အခေါက်မှာ ဆေးဘက်ဝင်သည်။

မြန်မာနိုင်ငံအထက်ပိုင်း၌ ရုက္ခဗေဒအမည် ပရုနပ်ပဒ္ဒမ်ခေါ် ဟင်မားလယန် ချယ်ရီမျိုးလည်း ပေါက်သည်။ ထိုချယ်ရီပင်ကို ကချင်တို့က ပန္နု၊ ပန္နီဗျင်ဗျိုင်းဟူ၍လည်းကောင်း၊ ရှမ်းတို့က မောက်ကွမ် ဟူ၍လည်းကောင်း ခေါ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မင်းအောင်လှိုင်မြန်မာနိုင်ငံကဆုန်လပြည့် ဗုဒ္ဓနေ့အောင်ဆန်းဗိုလ်နဂါးအောင်ဆန်းစုကြည်ထိုင်းနိုင်ငံအထူး:လတ်တလောအပြောင်းအလဲများမေတ္တသုတ်တပ်မတော် (ကြည်း)ဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များရွှေတိဂုံစေတီတော်အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်တရုတ်ပြည်သူ့သမ္မတနိုင်ငံပဋ္ဌာန်းတပ်မတော်ကမ္ဘောဒီးယားနိုင်ငံအော်ကာကဏ္ဍ:ဆေးဖက်ဝင် အပင်များဒုတိယ ကမ္ဘာစစ်ရန်ကုန်မြို့ညောင်ရေသွန်းပွဲဘဝင်စိတ်ပရိတ်ကြီး ၁၁ သုတ်စင်ကာပူနိုင်ငံမဟာသမယသုတ်ဘာဂျာမှုတ်ခြင်းကားလိုး ကော်လိုဒီရခိုင်ပြည်နယ်အနော်ရထာမန္တလေးမြို့ပုဂံအလောင်းမင်းတရားဟင်နရီဗန်ထီးယူအမေရိကန်ပြည်ထောင်စုအသည်းရောင် အသားဝါ ရောဂါ ဘီပိုး