ကာဘိုင်ဆိုသည်မှာ သေနတ်အမျိုးအစား တစ်မျိုးဖြစ်ပြီး သာမန်ရိုင်ဖယ်များထက် ပြောင်းတိုသောကြောင့် အရွယ်အစား ပိုတို၊ ပိုပေါ့ သည့်အပြင် ပစ်အားပိုနည်းလေ့ ရှိသည်။ သို့သော် ယေဘူယျ အားဖြင့် ရိုင်ဖယ် ကျည်ဆန်များကိုသာ အသုံးပြုလေ့ ရှိသည်။ ၁၈ဝဝပြည့်နှစ်များတွင် အရွယ်အစား ပိုရှည်ကာ ပိုဝေးဝေးပစ်နိုင်သော သာမန်ရိုင်ဖယ် များကို ခြေလျင်တပ်သား များအဓိက အသုံးပြုပြီး အရွယ်အစား တိုပြီး ပေါ့ပါးသည့် ကာဘိုင်များကို မြင်းစီးတပ်သား များကို အသုံးပြုစေခဲ့သည်။ ကာဘိုင်၏ အဓိက အားသာချက်မှာ အနီးကပ် မြို့ပြနှင့်တောတွင်း တိုက်ပွဲများတွင် သာမန်ရိုင်ဖယ် များထက် ပိုမို ထိရောက်စေခြင်း ဖြစ်သည်။ သို့သော် အားနည်းချက်မှာ အဝေးပစ်တိုက်ပွဲများတွင် ရိုင်ဖယ် ကဲ့သို့ တိကျမှုမရှိ သည့်အပြင် ကျည်ဆန်ရောက်ရှိသည့် အကွာအဝေးပါ နည်းသည်။ စစ်မြေပြင်၌ သီးခြားတာဝန်ရှိသော အင်ဂျင်နီယာစစ်သားများ၊ ဆက်သွယ်ရေးစစ်သားများအတွက် လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ပထဝီအနေအထားနှင့် ဗျူဟာတို့ အပေါ် မူတည်ကာ ရိုင်ဖယ်များကို ပြုပြင်ပြောင်းလဲ၍ ကာဘိုင်အဖြစ် အသုံးပြုခဲ့ ကြသည်။

ကာဘိုင်များ

ပြင်ဆင်ရန်
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာဖခင်များနေ့ပုဂံဂျပန်နိုင်ငံအာဇာနည်နေ့အောင်ဆန်းကျန်စစ်သားကြယ်လိပ်အောင်ဆန်းစုကြည်သိပ္ပံပညာမြန်မာပြည်မြန်မာနိုင်ငံထိုင်းနိုင်ငံကဏ္ဍ:မြန်မာစကားပုံများမင်းအောင်လှိုင်အလောင်းမင်းတရားဒုတိယ ကမ္ဘာစစ်မဟာရဋ္ဌသာရ၊ သျှင်ပဋ္ဌာန်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အနော်ရထာသောမတ် အက်ဒီဆင်မေတ္တသုတ်ကျိုက်ထီးရိုးဘုရားစင်ကာပူနိုင်ငံအိန္ဒိယနိုင်ငံမူးယစ်ဆေးဝါးမဟာသမယသုတ်ကမ္ဘောဒီးယားနိုင်ငံဘုရင့်နောင်ပြင်ဦးလွင်မြို့ဘက္ကရီအီးဒ်အင်းလေးကန်တရုတ်ပြည်သူ့သမ္မတနိုင်ငံရွှေတိဂုံစေတီတော်မြန်မာနိုင်ငံရှိ မြို့များမြန်မာတိုင်းရင်းသားမျိုးနွယ်များလာအိုနိုင်ငံ