ကဆုန်လ

မြန်မာပြက္ခဒိန်၏ ဒုတိယမြောက်လ

ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ ပုဂံကျောက်စာသို့တွင် ကုဆုန်ဟူသောအရေးအပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဟူသောကွဲလွဲချက်များကို တွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ် ၍ ကုဆုန်ကို အရင်းခံတာ၍ ဆိုပါမည်။ ကုဆုန်ဟူသော စကား၌ ကုသည် ရေကိုဟော၏။ ဆုန်ကား စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကို ဟော၏။ ကုမှ က သို့ရွေ့လျောသည်။ အဓိပ္ပာယ်ကား ရေသွန်းလောင်းသောလ ဟူ၏။ လှေသင်းအတွင်းဝန်မင်းကမူ ကဆုန်ကို ဝိဂြိုဟ်ပြုသောအခါ၊ "ဥဒကံ ရေကို၊ ဆနတိဖြတ်တတ်၏" ဟုဆို၍ ယင်းလကို ရေပြတ်သောလဟု အဓိပ္ပာယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို မဓာပြု၍ ဖွဲ့ဆို ကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းခြင်းပင်ဖြစ်သည်ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည် ဖြစ်သည်။


ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စံကားပန်း (Talauma Spongocarpa) ဖြစ်သည်။

ကိုးကား

ပြင်ဆင်ရန်


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မင်းအောင်လှိုင်အောင်ဆန်းစုကြည်အောင်ဆန်းပုဂံမြန်မာနိုင်ငံမြန်မာပြည်သိပ္ပံပညာတပ်မတော်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ကားလိုး ကော်လိုဒီမူးယစ်ဆေးဝါးအရှေ့တောင်အာရှနိုင်ငံများအသင်းအနော်ရထာမေတ္တသုတ်ရွှေတိဂုံစေတီတော်တပ်မတော် (ကြည်း)ရသကဏ္ဍ:မြန်မာစကားပုံများမြန်မာအမျိုးသမီးများနေ့ပဋ္ဌာန်းအလင်္ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတရုတ်ပြည်သူ့သမ္မတနိုင်ငံဘုရင့်နောင်ကမ္ဘောဒီးယားနိုင်ငံကျန်စစ်သားကဏ္ဍ:ထီးချိုင့်မြို့နယ်ရှိ ရွာများအထူး:လတ်တလောအပြောင်းအလဲများထိုင်းနိုင်ငံပန်ထွာဘုရင်မစင်ကာပူနိုင်ငံအမေရိကန်ပြည်ထောင်စုဧရာဝတီဘဏ်သင်္ဂဇာဆရာတော်အင်းလေးကန်အာဇာနည်နေ့