မြန်မာတီဗီကွန်ယက် အတွက် Canal+ Myanmar FG ကို ကြည့်ပါ။
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Canal+ (ပြင်သစ်အသံထွက်: [kanal plys]) သည် ပြင်သစ်ပုဂ္ဂလိကပိုင် တီဗီရုပ်သံလိုင်းတစ်ခု ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည်။

CANAL+
စတင်ခြင်းနိုဝင်ဘာ ၄၊ ၁၉၈၄ (၁၉၈၄-၁၁-၀၄)
ကွန်ယက်Groupe Canal+
ပိုင်ဆိုင်သူVivendi
ရုပ်ပုံအမျိုးအစား1080i (HDTV)
ပရိသတ်ခွဲဝေရရှိမှု50% (ဒီဇင်ဘာ ၂၀၁၈ (၂၀၁၈-၁၂), Médiamétrie)
ဆောင်ပုဒ်Créateur et original depuis 1984. (Creator and original since 1984)
နိုင်ငံပြင်သစ်
ဘာသာစကားပြင်သစ်ဘာသာစကား
ယခင်အမည်များCanal 4
ဝက်ဘ်ဆိုဒ်canalplus.com.fr

သမိုင်းကြောင်း ပြင်ဆင်ရန်

စတုတ္ထမြောက် ပြင်သစ်ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်ရန် ကြေညာပြီးနောက် Canal+ ရုပ်သံလိုင်းကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ရုပ်သံလိုင်းအား ကြည့်ရှုသူပေါင်း တစ်သန်းရှိလာခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အထိ Virginie Calmels သည် ဘဏ္ဍရေးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် စီအီးအို ရာထူးများကို ရယူနိုင်ခဲ့သည်။[၁][၂]

၁၉၉၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဒစ်ဂျစ်တယ်ဂြိုဟ်တုစနစ်ဖြင့် စတင်ထုတ်လွှင့်ခဲ့ရာ Canal+ Jaune နှင့် Canal+ Bleu ရုပ်သံလိုင်းနှစ်ခု ထပ်မံပါဝင်လာခဲ့သည်။[၃] စတုတ္ထမြောက်ရုပ်သံလိုင်းဖြစ်သော Canal+ Vert ကို ၁၉၉၈ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပြီးနောက် ရုပ်သံလိုင်းအမည်များကို Canal+ Confort (၂၀၀၅ မှစတင်၍ Canal+ Décalé အဖြစ်)၊ Canal+ Cinéma နှင့် Canal+ Sport များအဖြစ် ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောင်းလဲခဲ့သည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် Canal+, Canal+ Cinéma နှင့် Canal+ Sport ရုပ်သံလိုင်းများကို ပြင်သစ် ဒစ်ဂျစ်တယ် မြေပြင်ရုပ်သံလိုင်း ကွန်ယက်မှ စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် အရည်အသွေးမြင့် အခပေးရုပ်သံလိုင်းများကို မြေပြင်ကွန်ယက်မှ ထုတ်လွှင့်ခဲ့သည်။ ၂၀၁၀ တွင် အန်နလော့ဂ် ထုတ်လွှင့်မှုများကို ရပ်ဆိုင်းမည့် အစီအစဉ်များကို ကြေညာခဲ့သည်။[၄]

ညီအစ်မ ရုပ်သံလိုင်းများ ပြင်ဆင်ရန်

Les Chaînes Canal+[၅] သည် ပြင်သစ်ရှိ Canal+ ရုပ်သံလိုင်းများအားလုံး၏ ထုတ်ကုန်အမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ် မတိုင်မီက Canal+ Le Bouquet ဟု ခေါ်ဆိုခဲ့သည်။

ရုပ်သံလိုင်းစတင်ထုတ်လွှင့်မှတ်ချက်ဖမ်းယူနိုင်မှုဖောမက်ထုတ်လွှင့်ချိန်
DTTဂြိုဟ်တုIPTVCable
Canal+၄ နိုဝင်ဘာ ၁၉၈၄YesYesYesYes16:9 SDTV၂၄ နာရီ
Canal+ HD၂၀၀၆ယခင်အမည် Canal+ 16/9 နှင့် Canal+ Hi-TechYesYesYesYes16:9 HDTV၂၄ နာရီ
Canal+ Cinéma၂၇ ဧပြီ ၁၉၉၆YesYesYesYes16:9 SDTV၂၄ နာရီ
Canal+ Cinéma HD2010NoYesYesYes1080i HDTV၂၄ နာရီ
Canal+ Sport၃၁ ဩဂုတ် ၁၉၉၈အားကစားရုပ်သံလိုင်းဖြစ်ပြီး ယခင်အမည် Canal+ Vert ဖြစ်သည်။YesYesYesYes16:9 SDTV၂၄ နာရီ
Canal+ Sport HD၂၀၁၀NoYesYesYes1080i HDTV၂၄ နာရီ
Canal+ Family၂၀၀၇မိသားစုဆိုင်ရာ အစီအစဉ်များ၊ ဇာတ်လမ်းတွဲများနှင့် ကာတွန်းများ ပြသသည်။NoYesYesYes16:9 SDTV၂၄ နာရီ
Canal+ Family HD၂၀၁၀NoYesYesYes1080i HDTV၂၄ နာရီ
Canal+ Séries၂၀၁၃NoYesYesYes16:9 SDTV၂၄ နာရီ
Canal+ Séries HD၂၀၁၃NoYesYesYes1080i HDTV၂၄ နာရီ
Canal+ Décalé၂၇ ဧပြီ ၁၉၉၆Canal+ မှ အစီအစဉ်များ ပြန်လည်ထုတ်လွှင့်သည်။ ယခင်အမည် Canal+ Bleu ဖြစ်သည်။NoYesYesYes16:9 SDTV၂၄ နာရီ
Canal+ Décalé HD၂၀၁၀NoYesYesYes1080i HDTV၂၄ နာရီ
C8၂၀၁၃ဖျော်ဖြေရေးအစီအစဉ်များနှင့် ရုပ်ရှင်များ ပြသပြီး အခမဲ့ ဖြစ်သည်။YesYesYesYes1080i HDTV၂၄ နာရီ
CStar၂၀၁၆YesYesYesYes1080i HDTV၂၄ နာရီ
CNews၂၀၁၆YesYesYesYes1080i HDTV၂၄ နာရီ

ကိုးကား ပြင်ဆင်ရန်

  1. Virginie Calmels: Executive Profile & Biography - Bloomberg။ 2017-09-20 တွင် ပြန်စစ်ပြီး။
  2. Virginie Calmels joins the Assystem Board of Directors (2016)။ 20 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2019 တွင် ပြန်စစ်ပြီး။
  3. L'histoire du Groupe Canal+ de 1983 à nos jours။ 5 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 April 2009 တွင် ပြန်စစ်ပြီး။
  4. "Canal plans analogue switch-off"၊ 3 April 2009။ 
  5. Les Chaînes Canal+ : Programs for all tastes။ 7 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2009 တွင် ပြန်စစ်ပြီး။
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာမဟာရဋ္ဌသာရ၊ သျှင်အောင်ဆန်းသိပ္ပံပညာဂုဏ်ဆယ်ပါးအောင်ဆန်းစုကြည်မင်းအောင်လှိုင်ပင်းယ-စစ်ကိုင်းခေတ်ဂမ္ဘီသာရပျို့ဋီကာတိုက်မေတ္တသုတ်တင်ဦး (ဗိုလ်ချုပ်ကြီး သူရ)မြန်မာနိုင်ငံကန်တော်မင်းကျောင်းဆရာတော်ပထဝီဝင်ပုဂံမြန်မာပြည်အရှေ့တောင်အာရှနိုင်ငံများအသင်းကုန်းဘောင်မင်းဆက်အာရှပုဂံခေတ်ဒြပ်စင်အလောင်းမင်းတရားမဟာသမယသုတ်အနော်ရထာသမုဒ္ဒရာတပ်မတော်ပဋ္ဌာန်းဒုတိယ ကမ္ဘာစစ်လောကသာရ ဆုံးမစာပျို့ဘုရင့်နောင်အလင်္ကာပရိတ်ကြီး ၁၁ သုတ်ကုန်းဘောင်ခေတ်တပ်မတော် (ကြည်း)ပင်းယခေတ်ပထမ အင်္ဂလိပ် - မြန်မာစစ်စစ်ကိုင်းမင်းဆက်