ရှေးရိုးစွဲဝါဒသစ်

ရှေးရိုးစွဲဝါဒသစ်မှာ ၁၉၇၀ပြည့်နှစ်များတွင် အမေရိကန်နိုင်ငံရှိ လွတ်လပ်မျှတမှုဝါဒစွဲကိုင်သောသူအချို့က သူတို့၏ဝါဒကို ရှေးရိုးစွဲအမြင်များဖြင့် တည်ဆောက်ရန်ကြိုးစားကြရာမှ နာမည်တွင်လာခဲ့သောဝါဒတခုပင်ဖြစ်သည်။ အမေရိကရှိ ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးနှင့်စီးပွားရေးတည်ဆောက်ပုံများသည် လက်ဝဲဆန်ဆန်လွန်းပြီး အလုပ်သမားအခွင့်အရေးများအလွန်အကျွံပေးထားသော လူမှုဖူလှုံရေးခံစားခွင့်များကို အသုံးပြုထားပြီး ပြည်သူလူထုတွင် လူမှုဖူလှုံရေးကိုမှီခိုစေပြီး အလုပ်လုပ်လိုစိတ်ကင်းမဲ့စေသည်ဟု ရှေးရိုးစွဲဝါဒီသစ်များက စွပ်စွဲကြသည်။ လူနည်းစုများ၊လူမျိုးစုအနွယ်များကို အသာပေးရသောစနစ်ကြောင့် လူဖြူများ အမေရိကရှိ အသက်မွေးဝမ်းကျောင်းနယ်ပယ်များအသီးသီးတွင် နေရာမရဖြစ်လာသည်ကိုလည်း အဆိုပါဝါဒီများက မကျေနပ်ကြကာ ယဉ်ကျေးမှုပုံစံပေါင်းစုံကို အသိအမှတ်ပြုအားပေးခြင်း(multiculturalism)ကိုပါ ဖိနှိပ်လာကြပြီး သူတို့၏လွတ်လပ်မျှတမှုဝါဒမှာ သူတို့အချင်းချင်း(ဝါ)လူဖြူများအချင်းချင်းအကြားတွင်သာ သက်ဆိုင်သလိုပြုမူလာကြသည်။ အမေရိကန်၏ ရီပတ်ဘလီကန်ပါတီမှ ရှေးရိုးစွဲဝါဒသစ်အမြင်ကြီးမားသောသူများအများစုပါဝင်သည့် အမေရိကန်၏ ၄၃ယောက်မြောက်သမ္မတဖြစ်လာခဲ့သော ဂျော့ဘုရှ်၏ အစိုးရအဖွဲ့လက်ထက်တွင် ဤဝါဒအသစ်ယုံကြည်သူများ၏ လှေနံဓားထစ်တွက်ချက်မှုများဖြင့် အီရတ်ကို ကျူးကျော်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုမှာ မိမိရှုတ်ခဲ့သော အရှုတ်ထုတ်မှ မထွက်နိုင်ပဲဖြစ်နေရသည်။

🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာမဟာရဋ္ဌသာရ၊ သျှင်အောင်ဆန်းသိပ္ပံပညာဂုဏ်ဆယ်ပါးအောင်ဆန်းစုကြည်မင်းအောင်လှိုင်ပင်းယ-စစ်ကိုင်းခေတ်ဂမ္ဘီသာရပျို့ဋီကာတိုက်မေတ္တသုတ်တင်ဦး (ဗိုလ်ချုပ်ကြီး သူရ)မြန်မာနိုင်ငံကန်တော်မင်းကျောင်းဆရာတော်ပထဝီဝင်ပုဂံမြန်မာပြည်အရှေ့တောင်အာရှနိုင်ငံများအသင်းကုန်းဘောင်မင်းဆက်အာရှပုဂံခေတ်ဒြပ်စင်အလောင်းမင်းတရားမဟာသမယသုတ်အနော်ရထာသမုဒ္ဒရာတပ်မတော်ပဋ္ဌာန်းဒုတိယ ကမ္ဘာစစ်လောကသာရ ဆုံးမစာပျို့ဘုရင့်နောင်အလင်္ကာပရိတ်ကြီး ၁၁ သုတ်ကုန်းဘောင်ခေတ်တပ်မတော် (ကြည်း)ပင်းယခေတ်ပထမ အင်္ဂလိပ် - မြန်မာစစ်စစ်ကိုင်းမင်းဆက်