ပါကစ္စတန်နေ့

ပါကစ္စတန်တွင်ဆင်နွှဲသော အမျိုးသားအားလပ်ရက်

နှစ်စဉ် မတ်လ (၂၃)ရက်သည် ပါကစ္စတန်နေ့ ဖြစ်သည်။ အမျိုးသား အားလပ်ရက် အဖြစ် သတ်မှတ်၍ ဆင်နွှဲကြသည်။ လာဟိုးတော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် အဖြစ် ဆင်နွှဲကြခြင်းဖြစ်သည်။ ပါကစ္စတန် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင် အသက်ဝင်သည့် (၁၉၅၆)ခုနှစ်၊ မတ်လ (၂၃)ရက်ကို သတ်မှတ် ကျင်းပကြသည်။ ပါကစ္စတန်သည် ဗြိတိသျှ လက်အောက်မှ (၁၉၄၇)ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်တွင် လွတ်လပ်ရေးရသည်။ (၁၉၅၆)ခုနှစ်၊ မတ်လ (၂၃)ရက်တွင် သမ္မတနိုင်ငံ အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင် အသက်ဝင်သည်။ ယင်းနောက်တွင် ဗိုလ်ချုပ်ကြီး အယတ်စန်းက စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာသည်။ ၎င်းစစ်အုပ်ချုပ်ရေး အောက်တွင် ပါကစ္စတန်နေ့ အဖြစ် သတ်မှတ်ရန် ရွေးချယ်ရာ (၁၉၄ဝ)ပြည့်နှစ်၊ မတ်လ(၂၃)ရက်က ဖြစ်ပွားခဲ့သော လာဟိုးတော်လှန်ရေး အောင်ပွဲကို စဉ်းစားမိခဲ့ကြခြင်းဖြစ်သည်။

ပါကစ္စတန်နေ့တွင် တပ်မတော်သားများနှင့် အရပ်သားလူထုပါ အစ္စလမ္မာဘတ်မြို့တွင် ပါဝင်ဆင်နွှဲကြသည်။ ပါကစ္စတန် သမ္မတအိမ်တော်တွင် နံနက်စောစော ကျင်းပသည်။ ခေါင်းဆောင်ကြီးများ ဖြစ်သော မိုဟာမက်အက်ဗောနှင့် မိုဟာမက်အလီဂျင်နက်တို့ကို စုပေါင်းဂါရဝပြုသည်။

🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာမဟာရဋ္ဌသာရ၊ သျှင်အောင်ဆန်းသိပ္ပံပညာဂုဏ်ဆယ်ပါးအောင်ဆန်းစုကြည်မင်းအောင်လှိုင်ပင်းယ-စစ်ကိုင်းခေတ်ဂမ္ဘီသာရပျို့ဋီကာတိုက်မေတ္တသုတ်တင်ဦး (ဗိုလ်ချုပ်ကြီး သူရ)မြန်မာနိုင်ငံကန်တော်မင်းကျောင်းဆရာတော်ပထဝီဝင်ပုဂံမြန်မာပြည်အရှေ့တောင်အာရှနိုင်ငံများအသင်းကုန်းဘောင်မင်းဆက်အာရှပုဂံခေတ်ဒြပ်စင်အလောင်းမင်းတရားမဟာသမယသုတ်အနော်ရထာသမုဒ္ဒရာတပ်မတော်ပဋ္ဌာန်းဒုတိယ ကမ္ဘာစစ်လောကသာရ ဆုံးမစာပျို့ဘုရင့်နောင်အလင်္ကာပရိတ်ကြီး ၁၁ သုတ်ကုန်းဘောင်ခေတ်တပ်မတော် (ကြည်း)ပင်းယခေတ်ပထမ အင်္ဂလိပ် - မြန်မာစစ်စစ်ကိုင်းမင်းဆက်