တိုင်းလွယ်လူမျိုး

တိုင်လွီလူမျိုးများသည် ဗုဒ္ဓအယူဝါဒတွင် သက်ဝင်ယုံကြည် ‌သော ဝအနွယ် လူမျိုးတမျိုး ဖြစ်သည်။ ဝကွပ်ဟူ၍လည်း ‌ခေါ်၏။ ကျိုင်းတုံနယ်‌မြောက်ပိုင်းနှင့် မိုင်းလုံအ‌ရှေ့ပိုင်း ‌တောင် ကုန်းများ‌ပေါ်တွင် ‌နေထိုင်သည်။

‌ရှေးအခါက ကျိုင်းတုံတစ်နယ်လုံးသည် ဝလူမျိုးတို့ ကြီးစိုး ‌နေထိုင်ရာ ဖြစ်ခဲ့ဘူးသည်။ ဂုံလူမျိုးတို့ ဝင်‌ရောက်တိုက်ခိုက် ‌သောအခါ ထွက်မ‌ပြေးဘဲ ကြွင်းကျန်ရစ်‌သော ဝတို့သည် ဂုံ လူမျိုး အကြီးအကဲတို့ထံ အညံ့ခံ၍ ‌စေ့စပ်‌ကျေ‌အေးပြီး‌နောက် ‌တောင်‌ပေါ်တွင် အ‌ခြေစိုက် ‌နေထိုင်လာခဲ့ကြ‌လေသည်။ (F:\Data\vol03\C0077.htm ဂုံလူမျိုး။)

တဖြည်းဖြည်းနှင့် ဂုံယဉ်‌ကျေးမှုကို လိုက်နာခံယူခဲ့ရာ ဗုဒ္ဓ အယူဝါဒတွင် သက်ဝင်ယုံကြည်သူများ ဖြစ်လာ‌လေသည်။ ဤ တွင် တိုင်လွီလူမျိုးဟူ၍ ထင်ရှားခဲ့‌ပေသည်။ ရှမ်းတို့ကမူ ဗုဒ္ဓ အယူဝါဒတွင် သက်ဝင်ယုံကြည်‌သော အခြား‌တောင်တန်း သားများကိုလည်း တိုင်လွီဟူ၍ပင်‌ခေါ်‌ဝေါ်၏။

တိုင်လွီတို့သည် ဘာသာတရားကို အထူးကိုင်းရှိုင်း၏။ ‌စေတီပုထိုးများ တည်ထားကိုးကွယ်၏။ သို့‌သော် ဂုံလူမျိုးတို့ ကဲ့သို့ပင် နတ်များကို ပသတင်‌မြှောက်ခြင်းအ‌လေ့လည်း ရှိ၏။ ထိမ်းမြားခြင်း ဓ‌လေ့ထုံစံများလည်း ဂုံတို့၏အ‌လေ့နှင့်တူ၏။ လူ‌သေလျှင် ‌မြေမြှုပ်သင်္ဂြိုဟ်၍ ရဟန်းနှင့် သက်ကြီးဝါကြီး များကိုမူ မီးသင်္ဂြိုဟ်၏။

အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းမှာ လက်ဖက်စိုက်ပျိုး‌ရောင်း ချခြင်းဖြစ်၏။ လူဦး‌ရေမှာ ၁၉၀၁ ခုနှစ် သန်း‌ခေါင်စာရင်းအရ ကျိုင်းတုံနယ်တွင် တိုင်လွီလူမျိုး ၁၅ ၆၆၀ ‌ယောက်ရှိ‌လေသည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅

🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာတင်ဦး (ဗိုလ်ချုပ်ကြီး သူရ)အောင်ဆန်းတပ်မတော် (ကြည်း)အောင်ဆန်းစုကြည်မြန်မာနိုင်ငံမြန်မာပြည်မေတ္တသုတ်ကားလိုး ကော်လိုဒီနေပြည်တော်တိုင်းစစ်ဌာနချုပ်မဟာသမယသုတ်တပ်မတော်ကျန်စစ်သားထိုင်းနိုင်ငံရှမ်းပြည်နယ်ပဋ္ဌာန်းဂုဏ်တော်ကွန်ချာဘာဂျာမှုတ်ခြင်းရွှေတိဂုံစေတီတော်ဒုတိယ ကမ္ဘာစစ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများအလောင်းမင်းတရားဂျပန်နိုင်ငံအထူး:လတ်တလောအပြောင်းအလဲများအော်ကာတိုင်းစစ်ဌာနချုပ်မင်းအောင်လှိုင်အနော်ရထာရာသီခွင်မြန်မာတိုင်းရင်းသားမျိုးနွယ်များရခိုင်ပြည်နယ်မြန်မာကျပ်ငွေမြန်မာနိုင်ငံရှိ မြို့များစအိုဖြင့် လိင်ဆက်ဆံခြင်းဘုရားဂုဏ်တော်ကဏ္ဍ:မြန်မာစကားပုံများဒီပဲယင်းအရေးအခင်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုး