ပူဒီနာ
ပူဒီနာ | |
---|---|
en:Mentha spicata (Spearmint) en:Mentha × piperita (Peppermint) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Lamiales |
မျိုးရင်း: | Lamiaceae |
မျိုးရင်းသေး: | Nepetoideae |
မျိုးဇာတ်: | Mentheae |
မျိုးစု: | Mentha L. |
အမျိုးအစား မျိုးစိတ် | |
en:Mentha spicata | |
Synonyms[၁] | |
အချို့က ပူစီနံ ဟု ခေါ်ကြသည်။ မြန်မာအစားအသောက် တွင် ထည့်ချက်သော ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး ဖြစ်သည်။ ပူစီနံ၏ အခြားထူးခြားချက်မှာ ဆေးဖက်လည်းဝင်လေသည်။ သက်ရွယ်မရွေး ညအိပ်မပျော်သော သူများအတွက် အိပ်ယာဝင်ခါနီး ၎င်း အရွက်အား ရေနွေးပူပူထဲ၌ လက္ဘ်ခြောက်ခက်သကဲ့သို့ ပြုတ်ကာ ထိုရေကို သောက်ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်လေသည်။
ပူဒီနာပင်သည် ပင်စိမ်းပင်နှင့် အမျိုးချင်းတူသောကြောင့်၊ အရွက်ထွက်ပုံ၊အပွင့်ပွင့်ပုံတို့သည် ပင်စိမ်းပင်ကဲ့သို့ တထေရာတည်းဖြစ်သည်။ လေးဗီယေးတီး´မျိုးရင်းတွင်ပါဝင်၍၊ မြန်မာနိုင်ငံရှိထင်ရှားသောပူဒီနာပင် နှစ်မျိုး၏ရုက္ခဗေဒအမည်များမှာ မင်သာအာရဗင်ဆစ် နှင့် “မင်သာဆီလဗက်စတြစ်”တို့အသီးသီးဖြစ်လေသည်။ ဤအပင်မျိုးပေါင်း ၂၅ မျိုးခန့်မျှ ရှိရာ၊ ထိုအပင်တို့၏ထူးခြားသောအနံ့နှင့်အရသာကို လူတို့ကြိုက်နှစ်သက်သဖြင့်ဟင်းရွက်စိမ်းအဖြစ်ဖြင့် ကမ္ဘာပေါ်တွင် အနှံ့အပြားစိုက်ပျိုးကြသည်။အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့တွင် ပင်စိမ်းပင်နှင့် ပူဒီနာပင်များ၏အရွက်အခက်တို့ကို ဟင်းသီးဟင်းရွက် လက်သုတ်နှင့်ချိုချဉ်သနပ်အစရှိသည်တို့၌ အနံ့အရသာပိုမိုကောင်းမွန်လာရအောင် ထည့်လေ့ရှိကြသည်။ ထိုအပင်များမှ အကြောအခြင်ကိုက်ခဲသည့် ရောဂါအတွက် သုတ်လိမ်းရသောဆီတစ်မျိုးကိုရရှိသည်။ ဤအပင်မျိုးအားလုံးတို့တွင် လေးထောင့်ကျကျပင်စည်များရှိ၍၊ အကိုင်း၏တစ်ဖက်တစ်ချက်မှ ရိုးတံချင်းဆိုင်၍ အရွက်များထွက်သည်။ အကိုင်းတို့တွင် အပွင့်ငယ်များ အဆုပ်လိုက်ပွင့်တတ်သည်။